ရွှေတိဂုံနား အထပ်မြင့် မဆောက်ဖို့ လွှတ်တော် တင်မယ်

shwedagon ဓာတ်ပုံ မူပိုင် AP
Image caption စီမံကိန်း ကြောင့် ရွေတိဂုံ ဘုရား ထိခိုက်မှာ စိုး

ရွှေတိဂုံ ဘုရား မြေ အနီး စစ်ရုံးချုပ် ဟောင်း နေရာ မှာ အထပ်မြင့် အဆောက် အဦ တွေ၊ ဈေးဝယ် စင်တာ တွေ နဲ့ ဟိုတယ် တွေ ဆောက်မယ့် ဒဂုံ စီမံကိန်း ကို ပြန်သုံးသပ် ဖို့ အစိုးရ ကို တိုက်တွန်းတဲ့ အဆို ကို ပြည်သူ့ လွှတ်တော် မှာ တင်ဖို့ ဇွန်လ ၉ ရက် က လက်ခံ လိုက်ပါတယ် ။

ဒီအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က တင်သွင်း မှာ ဖြစ်ပါတယ် ။

ဒဂုံစီးတီး စီမံကိန်း ကြောင့် ရွေတိဂုံ ဘုရားကြီး ရေရှည် ကြံ့ခိုင်ရေး နဲ့ ဘုရားကြီး ရဲ့ မြင်ကွင်း တွေ ပျောက်ကွယ် သွားမှာ စိုးတဲ့ အတွက် ဒီ အဆိုကို တင်သွင်း ရတာ လို့ ဒေါ်ခင်စန်းလှိုင် က ရှင်း ပြပါတယ် ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်ခင်စန်းလှိုင် အနေနဲ့ ပြည်ထောင်စု လွှတ်တော် မှာ အရေးကြီး အဆို တင်သွင်းချင် တာပါ ။

ဒါပေမဲ့ လည်း သက်ဆိုင်ရာ ဝန်ကြီး ဌာန က ပြန်လည် ဖြေကြားနိုင်အောင် အချိန်ပေးဖို့ ပြည်သူ့ လွှတ်တော် မှာ ပုံမှန်အဆို အဖြစ် သာ တင်သွင်းဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ က အကြံပြု ခဲ့တာပါ ။

ဒါကြောင့် နှစ်ပတ် အတွင်း ဒဂုံစီတီး စီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး တော့မှာ ဖြစ်ပါတယ် ။

ဒီအဆိုနဲ့ ပတ်သက်ပြီး ဘုရား မူလ ပထဝီ အနေအထား မပျက်စီး စေဖို့ အလေးထားကြောင်း ကြံခိုင်ရေး ပါတီ ရေဖြူ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ပြောပါတယ် ။

ကန်ကွက်မှု တွေ ရှိနေတဲ့ ဒဂုံစီးတီး စီမံကိန်း နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေ အနေနဲ့ မကြာခင် က ဆရာတော်ကြီးတွေ ထံက သဘော ထားမှတ်ချက် ရယူခဲ့ပါတယ် ။

ဒီလို ရယူတဲ့ အခါ ဆရာ တော်ကြီး များ က မလုပ်သင့်တဲ့အကြောင်း သဘော ထား မှတ်ချက် ပေးထား တယ်လို့ သိရပါတယ် ။

ဒါပေမဲ့ ဇွန်လ ၉ ရက် က ရန်ကုန်တိုင်း လွှတ်တော် မှာ ဒဂုံစီးတီး စီမံကိန်း ကို လက်ရှိ အစိုးရ လက်ထက် ဆောင်ရွက်ခြင်း မပြုဘဲ ရပ်ဆိုင်း ထားရန် ဒေါက်တာ ညိုညိုသင်း အဆို တင်သွင်းပေမယ့် ဆွေးနွေးခွင့် မရဘဲ ပယ်ချ ခံ လိုက် ရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ