သွင်းကုန်လုပ်ငန်းရှင်တွေကို နိုင်ငံပိုင်ဒေါ်လာတွေ တိုက်ရိုက်ရောင်းပေးမယ်

burma_bank ဓာတ်ပုံ မူပိုင် AFP
Image caption သွင်းကုန် လုပ်ငန်း ရှင် တွေ ကို ဗဟိုဘဏ် က နိုင်ငံပိုင် ဒေါ်လာ တွေ တိုက်ရိုက် ထုတ် ရောင်း ပေးမယ်။

အမေရိကန် ဒေါ်လာ နဲ့ လဲလှယ်ရာ မှာ မြန်မာငွေ တန်ဖိုး ဆက်လက် ကျဆင်း နေတာ ကို ဗဟိုဘဏ် အနေနဲ့ တိုက်ရိုက် စွက်ဖက် ထိန်းချုပ် ပေး တဲ့ အနေနဲ့ ပြည်ပ သွင်းကုန် လုပ်ငန်း ရှင် တွေ ကို နိုင်ငံပိုင် ဒေါ်လာ တွေ တိုက်ရိုက် ထုတ် ရောင်း ပေး သွား မှာ ဖြစ်တယ် လို့ ဗဟို ဘဏ် တာဝန် ရှိ သူတွေ က ပြောလာ ပါတယ်။

မြန်မာ ငွေ တန်ဖိုး ကျဆင်း နေရတဲ့ ပြဿနာ ကို အဖြေ ရှာ ဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း၊ ဘဏ္ဍာရေး ဝန်ကြီး၊ ဗဟိုဘဏ် တာဝန်ရှိ သူ တွေ နဲ့ လွှတ်တော် ကိုယ်စား လှယ် တွေ ကြာသာပတေး နေ့ က တွေ့ဆုံ ကြတုန်း မှာ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ က ဒီ အစီအစဉ် ကို ဖွင့် ပြော လာတာ ဖြစ်ပါတယ်။

အရင် ကတော့ ဗဟိုဘဏ် အနေနဲ့ စီးပွားရေး လုပ်ငန်းရှင် တွေ ကို တိုက်ရိုက် မရောင်းချ ပဲ ပုဂ္ဂလိက ဘဏ်တွေ ကို သာ ရောင်းချ ပေးခဲ့တာ ဖြစ်ပါတယ်။

အစိုးရ တာဝန် ရှိသူတွေ နဲ့ ဒေါ်လာ အများဆုံး ဝယ်ယူ နေရ တဲ့ စက်သုံးဆီ ပြည်ပက တင်သွင်း သူတွေ ဟာ နေ ပြည်တော် မှာ ဒီကနေ့ (ဇွန်လ ၁၂ ရက် ) တွေ့ဆုံ ဖို့ ရှိပါတယ်။

အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲနှုန်း ဟာ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက စလို့ တရိပ်ရိပ် တက်လာခဲ့ပြီး ကြာသာပတေး မနက်မှာ တော့ ၁၂၈၅ ကျပ်ထိ ရောက်လာ ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ