တိုင်းရင်းသားတွေနဲ့ MPC တွေ့ဆုံ

  • 11 ဇွန် 2015
Image caption MPC ကနေ တဆင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို တင်ပြရမှာ ဖြစ်ပါတယ်

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မူကြမ်းနဲ့ ပတ်သက်ပြီး လော်ခီးလာ ထိပ်သီး အစည်း အဝေးက ဆုံးဖြတ်ချက် တွေကို အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး အဖွဲ့ကို အသိ ပေးဖို့ အတွက် ဦးလှမောင်ရွှေ ဦးဆောင်တဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC က ကိုယ်စားလှယ် တွေ နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ချင်းမိုင် မြို့မှာ တွေ့ဆုံခဲ့ ကြပါတယ်။

တွေ့ဆုံ ရာမှာ တိုင်းရင်းသားတွေ ဘက်က NCCT အဖွဲ့ဝင်တွေ ဖြစ်တဲ့ နိုင်ဟံသာ၊ ပဒို ကွယ်ထူးဝင်း၊ ဦးစာလာအေးတို့ ပါဝင်ခဲ့ကြ ပါတယ်။

လော်ခီးလာ ထိပ်သီး အစည်း အဝေး က ဆုံးဖြတ် ခဲ့တဲ့ အချက်တွေ ကတော့ ဖယ်ဒရယ် တပ်မတော် အဖြစ် ပြည်နယ် အစိုးရတွေ လက်အောက်မှာ ထားမယ့် အချက်၊ ကိုးကန့်၊ ပလောင်နဲ့ ရခိုင် အဖွဲ့တွေ ကိုပါ လက်မှတ် ထိုးမယ့် အထဲ ပါဖို့ ဆိုတဲ့ အချက်တွေ အပါ အဝင် ဆုံးဖြတ်ချက် ၁၂ ချက် ရှိပါတယ်။

၇ ချက်က ပြန်လည် ဆွေးနွေး ဖို့နဲ့ ၅ ချက်က စကားလုံး ပြင်ဖို့ ဖြစ်ပါတယ်။

ဦးလှမောင်ရွှေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး စင်တာက အလုပ် အဖွဲ့ ကတော့ တိုင်းရင်းသား တွေဘက်က ဖြစ်ချင်တဲ့ အချက်တွေကို ရယူပြီးရင် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို တင်ပြဖို့ ဖြစ်တယ်။

လက်ရှိ အနေ အထား အရ အစိုးရ ဘက်က ပြန်လည် ပြင်ဆင် ဆွေးနွေးမယ့် အနေ အထား မျိုးတော့ မတွေ့ရ သေးဘူးလို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ