အပစ်အခတ်ရပ်စဲရေး အားလုံးပါဖို့လို

  • 12 ဇွန် 2015
lawkheela
Image caption အပစ်အခတ်ရပ်စဲရေး အားလုံးပါဖို့ လော်ခီးလာ ညီလာခံက ဆုံးဖြတ်

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ လက်နက်ကိုင် တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ထိုးနိုင်ဖို့လိုတယ်လို့ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဒေါက်တာ လဂျာက ပြောလိုက်ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ ငြိမ်းချမ်းရေး အတွက် တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး လိုအပ်တယ်တယ်၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ရဖို့ အတွက် လက်နက်ကိုင် တိုင်းရင်းသား အားလုံး အပစ်အခတ် ရပ်စဲရေးမှာ ပါဝင်ဖို့လိုတယ်လို့ သူကဆိုပါတယ်။ အဲသလို တိုင်းရင်းသားအားလုံးပါဖို့ဆိုရင် ဟိုလူတော့ ချန်ထားတယ်၊ ဒီဒေသတော့ချန်ထားတယ်လို့ လုပ်လို့မရဘူး။ အဲဒါဆိုရင် တနိုင်ငံလုံး မဟုတ်တော့ဘူးလို့ သူကဆိုပါတယ်။

ညှိနှိုင်းလို့ရတဲ့လူ အရင်လက်မှတ်ထိုး၊ ညှိနှိုင်းလို့ မရတဲ့လူနဲ့ ဆက်ဆွေးနွေးဆိုတာဟာ တပြိုင်တည်း ငြိမ်းချမ်းရေး မရနိုင်တဲ့ နည်းနာဖြစ်နေတယ်လို့ သူကဆိုပါတယ်။

NCCT နဲ့ UPWC ရဲ့ ဆွေးနွေးပွဲတွေဟာ အလုပ်အဖွဲ့အဆင့် ဆွေနွေးပွဲတွေသာ ဖြစ်ပြီး အခုအခါမှာ အဲဒီအဆင့်နဲ့ မပြီးစီးတဲ့အတွက် အဆင်မြင့် ခေါင်းဆောင်တွေပါဝင်တဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့တာလို့လည်း ဒေါက်တာ လဂျာက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးကို အောင်မြင်အောင် ကြိုးစားမှာ ဖြစ်ပေမယ့် တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမှု၊ ယုံကြည်မှု၊ ခိုင်မာမှုရှိဖို့က ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။