အစိုးရ လာတိုက်ခိုက်တယ်လို့ ကိုးကန့်ပြော

  • 13 ဇွန် 2015
kokang ဓာတ်ပုံ မူပိုင် AP
Image caption တရုတ်ကို လက်နက် ကြီး ကျရောက်ပြီး လူသေဆုံး တာရှိ

MNDAA ကိုးကန့် အဖွဲ့ က တဘက်သတ် အပစ်ရပ်စဲ ကြောင်း ကြေညာ ထားပြီး တဲ့နောက်ပိုင်း မှာ အစိုးရဘက် က တိုက်ခိုက်မှုတွေ ရှိနေတယ် လို့ ကိုးကန့် ဘက်က ပြောပါတယ်။

နယ်စပ် အနီး မှတ်တိုင် ၁၁၁ လောက်ကိုင် မြို့ မြောက်ဘက်နား မှာ ၂ ရက် ဆက်တိုက် အစိုးရ တပ်ဘက် က လက်နက်ကြီးနဲ့ ပစ်ပြီး ကြည်းတပ် က ထိုးစစ်ဆင်လို့ ပြန်ပစ်ခဲ့တယ် လို့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်း က ဆိုပါတယ်။

အဲဒိ အနီးနားမှာ ကိုးကန့် တပ်စခန်း တွေ ရှိတဲ့ တောင်ကုန်းတွေ တည်ရှိတယ် လို့လည်း ဆိုပါတယ်။

ကိုးကန့်ဘက်က အသေအပျောက် မရှိဘူး လို့လည်း ဆိုပါတယ်။

တရုတ်ဘက် ကို ကျည်ဆန် ကျတယ် လို့ ကိုးကန့် ဘက် က ပြောပေမယ့် ဘီဘီစီ အနေနဲ့ သီးခြား အတည်မပြု နိုင်သလို ဒီအကြောင်း အစိုးရ ဘက်ကို လည်း ဆက်သွယ် မေးမြန်း လို့ မရခဲ့ပါဘူး။

မြန်မာ ငြိမ်းချမ်းရေး စင်တာ က အပစ်အခတ် ရပ်စဲရေး ဒါရိုက်တာ ဒေါက်တာ မင်းဇော် ဦး ကတော့ လက်ရှိ အစိုးရ မှာ ကိုးကန့် အပေါ် အပစ်ရပ်စဲရေး လုပ် ဖို့ မူဝါဒ မရှိဘူး လို့ ပြောပါတယ်။

အစိုးရ က အပစ်ရပ်စဲရေး ယူထားတဲ့ ၁၄ ဖွဲ့၊ အပစ်မခတ် လျှော့ချ ဖို့ သဘောတူ ထားတဲ့ ကေအိုင်အို အဖွဲ့တွေ ပဲ ရှိပြီး ကျန်တဲ့ အဖွဲ့တွေ အကျုံးမဝင် သေးဘူး လို့ သူက ပြောပါတယ်။

ကိုးကန့် အရေး လောလောဆယ် လုံခြုံရေး ဘက် က ဆောင်ရွက်မှု တွေ ပဲ ရှိပါတယ်၊ ဒီအဖွဲ့တွေ အတွက် နိုင်ငံရေး တံခါးပေါက် ဖွင့်ထားပေမယ့် အပစ် ရပ်စဲရေး လောလောဆယ် မဖြစ်နိုင်သေးကြောင်း ထားတဲ့ မူတွေ မှာ တော့ အစိုးရ၊ လွှတ်တော်နဲ့ တပ်ဘက် ကွဲပြားမှု မရှိဘူး လို့ သူက ဆိုပါတယ်။

လက်ရှိ အစိုးရ သက်တမ်း အတွင်း ငြိမ်းချမ်းရေး အုတ်မြစ်ချ နိုင်ဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မူဘောင် တွေ ချမှတ်ပြီး လိုက်နာ စောင့်ကြည့်မယ့် အဖွဲ့တွေ ဖွဲ့ဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ စနိုင်ဖို့ပဲ ရည်ရွယ်တယ် လို့လည်း သိရ ပါတယ်။

အစိုးရနဲ့ ကိုးကန့် အဖွဲ့ တို့ တိုက်ပွဲ ပြန် ဖြစ်ခဲ့တဲ့ လေးလ အတွင်း တရုတ် နိုင်ငံ ဘက်ကို လက်နက် ကြီး ကျရောက်ပြီး လူသေဆုံး တာတွေ ရှိခဲ့ ပါတယ်။

အဲဒီနောက် တရုတ် စစ်တပ် က နယ်စပ်မှာ စစ်ရေး လေ့ကျင့်မှု တွေ လုပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ