ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်က ပြန်ရောက်

  • 14 ဇွန် 2015
assk ဓာတ်ပုံ မူပိုင် AP
Image caption တရုတ် အစိုးရ လူအခွင့်အရေး အပေါ် နှုတ်ဆိတ် နေခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင် တဲ့ ကိုယ်စားလှယ် အဖွဲ့ ဟာ စနေနေ့ မွန်းလွဲပိုင်း က တရုတ် နိုင်ငံ ကနေ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ကို ရောက်ရှိ လာခဲ့ ပါတယ် ။

အမျိုးသား ဒီမိုကရေစီ အဖွဲ ချုပ် ဝင်တွေနဲ့ ထောင်နဲ့ ချီတဲ့ ပြည်သူတွေ သူ့ကို လာရောက်ပြီး ကြိုဆို ခဲ့ကြ ပါတယ် ။

ရန်ကုန် လေဆိပ် ကို အဖွဲချုပ်ဝင် တွေ အပြင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး မှ သံမှူးကြီး ချန်းချန် နှင့် NLD နာယက ဦးတင်ဦး တို့ လာရောက် ကြိုဆို တာ ကိုလဲ တွေ့ရပါ တယ် ။

ဒီ ခရီးစဉ် ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ခရီးစဉ် လည်း ဖြစ်ပါတယ် ။

ဒီခရီးစဉ် နဲ ပတ်သက်လို့ အသေးစိတ် သတင်း မထုတ်ပြန် ပေမယ့် အောင်မြင် တဲ့ ခရီးစဉ် လို့ သူနဲ အတူ လိုက်ပါသွားတဲ့ ကိုယ်စားလှယ်အဖွဲ ဝင် လွှက်တော် ကိုယ်စားလှယ် ဦး ဇေယျာသော် က ပြောပါတယ် ။

မြန်မာ နိုင်ငံက အတိုက်အခံ ပါတီ ကြီး တခု ကို တရုပ် အစိုးရ က အခုလို ဖိတ်ကြားတာ ဖြစ်လို့ လည်း ထူးခြားတယ် လို့ပြောရမှာ ဖြစ်သလို မြန်မာနိုင်ငံ က ဒီမိုကရေစီ ခေါင်း ဆောင် တဦး နဲ့ တရုပ် မြန်မာ ဆက်ဆံ ရေး အဖုအထစ် တွေ ရှိလာနေချိန် မှာ အမြင်ဖလှယ် တွေ့ဆုံ တာဟာ လည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တခြား နိုဗယ်ဆုရှင်တွေ လို မဟုတ် ဘဲ တရုတ် အစိုးရ ရဲ့ လူအခွင့်အရေး နဲ့ ပတ်သတ်ပြီး ဒီခရီးစဉ်မှာ နှုတ်ဆိတ် နေခဲ့တာ ကိုတော့ လူအခွင့်ရေး သမားတွေ ဘက်က ထောက်ပြ ဝေဖန်စရာ ဖြစ်လို့ လည်း အကဲ ခတ် တွေက သုံးသပ်မှု တွေ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ