ဗဟိုဘဏ်မှာ ငွေအင်အား မလုံလောက် ဆိုပြီး ဝေဖန်နေ

  • 14 ဇွန် 2015
6_us_dollars_
Image caption ဒေါ်လာ စျေး မြင့်တက် မှု အခက်အခဲ ကို ဖြေရှင်း ပေးဖို့ ဗဟိုဘဏ် မှာ ရှိတဲ့ နိုင်ငံခြား အရံ ငွေ တွေ ကို ကုန်သည် တွေ ဆီ တိုက် ရိုက် ထုတ် ရောင်း ပေးဖို့ တောင်းဆို ခဲ့ ပေမယ့် ဗဟို ဘဏ် ဘက်က ဖြည့်စည်း မပေး နိုင်။

အမေရိကန် ဒေါ်လာ နဲ့ လဲလှယ် ရာ မှာ မြန်မာ ကျပ် ငွေ တန်ဖိုး ကျဆင်း နေရ တာ နဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ မှာ ရှိ နေတဲ့ ကုန်သွယ်မှု ပမာဏ ကို ကျောထောက် နောက်ခံ ပြု နိုင်လောက် တဲ့ ငွေကြေး အင်အား မျိုး နိုင်ငံတော် ဗဟို ဘဏ် မှာ ရှိမနေ တာ က အကြောင်းအရင်း တစ်ချက် ဖြစ်တယ် ဆိုပြီး မြန်မာ စီးပွားရေး လုပ်ငန်း ရှင် တွေ က ဝေဖန် နေပါတယ်။

ဗဟို ဘဏ် က ပြောထားဖူး တဲ့ ငွေ ၁၁ ဘီလျံ ရှိတယ် ဆိုတဲ့ ပမာဏ ဟာ ငွေသား အနေနဲ့ ချက်ခြင်း ဖော် နိုင် မှု ရှိ ရင် တော့ ငွေ တန်ဖိုး အတက်အကျ ကြမ်း မှာ မဟုတ် ဘူး ဆိုပြီး ကုန်သည် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဒုဥက္ကဌ ဒေါက်တာ မောင်မောင်လေး က ဘီဘီစီ ကို ပြောပါတယ်။

ဒေါ်လာ စျေး မြင့်တက် မှု အခက်အခဲ ကို ဖြေရှင်း ပေးဖို့ ဗဟိုဘဏ် မှာ ရှိတဲ့ နိုင်ငံခြား အရံ ငွေ တွေ ကို ကုန်သည် တွေ ဆီ တိုက် ရိုက် ထုတ် ရောင်း ပေးဖို့ တောင်းဆို ခဲ့ ပေမယ့် ဗဟို ဘဏ် ဘက်က ဖြည့်စည်း မပေး နိုင်ခဲ့ ဘူး ဆိုပြီး တော့ လည်း ဆန်စပါး လုပ်ငန်းရှင်များ အသင်းက တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်း ကပြောပါတယ်။

ဒေါ်လာဈေး ဟာ အခု သီတင်းပတ်ကုန် အတွင်း မြန်မာကျပ်ငွေ ၁၂၈၀ လောက် အထိ ဈေးတက် ခဲ့ပြီး နောက်မှာ တော့ ၁၁၈၀ လောက် အထိ ဈေးပြန်ကျ သွားခဲ့ပါတယ်။

အဲဒီလို ဈေးနှုန်း အတက်အကျ ကြမ်းတဲ့ အတွက် ငွေလဲ ကောင်တာ အချို့ မှာ လက်ကျန် ဒေါ်လာငွေ မရှိဘူး ဆိုပြီး အရောင်း ရပ်ဆိုင်းတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

လောလောဆယ် မှာ အစိုးရက ဒေါ်လာ မှောင်ခို ဈေး ကစားသူ တွေ ကို ဖမ်းဆီး အရေး ယူနေတယ် ဆိုပေမယ့် တကယ်တမ်း ဈေးကွက်ထဲက ဝယ်လိုအားကို လုံလုံ လောက်လောက် မဖြည့်တင်း နိုင်ဘူး ဆိုရင်တော့ ဒေါ်လာဈေး ဟာ ဆက်လက် မြင့်တက်မယ့် အနေအထား မှာ ရှိတယ် လို့ သုံးသပ် ပြောဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ