လွှတ်တော်ကို ဝေဖန်ချက် အမတ်တဦး တုံ့ပြန်

ဓာတ်ပုံ မူပိုင် usdp
Image caption အခြေခံ ဥပဒေ အရ လွှတ်တော် ကဏ္ဍ အားနည်း နေတယ်လို့ ကြံ့ခိုင်ရေးပါတီ ပြည်သူ့ လွှတ်တော် အမတ် ဦးဝင်းဦး ကပြောပါတယ်

ပြည်ထောင်စု လွှတ်တော် ကနေ ထုတ်ပြန် ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်း ၂ ခုနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့ ဆောင်းပါး တပုဒ် ကို မြန်မာ့ အလင်း သတင်းစာမှာ ရန်ကင်း ဆိုတဲ့ ဆောင်းပါး ရှင် ကနေ ရေးသားထား ပါတယ်။

ဒီပြင်ဆင်ရေး မူကြမ်း ၂ ခုဟာ ၁၉၄၇ ခုနှစ် ကလို ပါလီမန် ဒီမိုကရေစီကို ပြန်သွားဖို့ လုပ်တာ လို့ ဆိုပါတယ်။ ဒီအတွက် ဒါဟာ အာဏာရှင် ပါလီမန် စနစ် ပုံစံကို ပြန်သွားနေ သလား ဆိုပြီး ဆောင်းပါးရှင်က ဝေဖန်ထား တာပါ။

ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ရေဖြူမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဝင်းဦး ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော် ကဏ္ဍက အားနည်း နေပြီး အုပ်ချုပ်ရေး ရဲ့ အောက်မှာ ရောက်နေ သလို ဖြစ်နေတဲ့ အတွက် လွှတ်တော် ကို အားကောင်း အောင် မြှင့်တယ်ဖို့ လိုကြောင်း ပြောပါ တယ်။

ဒုတိယ သမ္မတလောင်း တင်သွင်းတဲ့ အခါ ပြည်သူက ရွေးကောက် တင်မြှောက် ထားတဲ့ ကိုယ်စားလှယ်သာ ဖြစ်သင့် တယ်ဆိုတဲ့ အချက် ဟာလည်း နိုင်ငံ တကာ မှာသုံး နေတာ ဖြစ်တယ်လို့ ဦးဝင်းဦး က ပြောပါတယ်။ ဒါမှာသာ ပြည်သူကို လုံးလုံး လျားလျား ကိုယ်စားပြု မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရနဲ့ လွှတ်တော် အကြား အားပြိုင် မှုတွေ ပိုကြီး လာသလား ဆိုတဲ့ အပေါ် ဦးဝင်းဦး ကတော့ ဒါဟာ တဘက်နဲ့ တဘက် ထိန်းညှိဖို့ သာ ဖြစ်တယ်လို့ ပြောပါတယ်။

တိုင်းရင်းသား တွေ အရေးနဲ့ ပတ်သက် လို့လည်း လောလော ဆယ် ငြိမ်းချမ်းရေး အကုန်လုံး မရသေးတဲ့ အတွက် ဖက်ဒရယ် စနစ်ကို အပြည့် အဝ မသွား နိုင်သေး ဘူးလို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ