ဦးကိုကိုကြီးကို တရားရုံးမှာ ဆင့်ခေါ်

  • 15 ဇွန် 2015
kokogyi
Image caption ရွေးကောက်ပွဲ ဝင်ပြိုင်မယ် ပြောပြီး တရားစွဲဖို့ ဆင့်ခေါ်

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးကိုကိုကြီး အပါအဝင် တောင်ဥက္ကလာပ ပန်းခြံ အားကစား ကွင်း ပြန်လည် ရရှိရေး ဆန္ဒပြသူ ၄ ဦး ကို ငြိမ်းချမ်းစွာ စုဝေးခွင့် နဲ့ စီတန်း လှည့်လည် ခွင့် ပုဒ်မ ၁၉ နဲ့ တရားစွဲ ထားမှု ကို တနင်္လာ နေ့ မနက် က တောင် ဥက္ကလာပ မြို့နယ် တရားရုံး မှာ ဆင့်ခေါ် ခဲ့ပါတယ် ။

ဦးကိုကိုကြီး ဟာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင် မယ် လို့ ပြော အပြီး အခု လို တရားစွဲ ဖို့ ဆင့်ခေါ်လာ တာ လည်း ဖြစ် ပါတယ်။

တောင်ဥက္ကလာပ မြို့နယ် မှာ အာဏာရ ကြံ့ခိုင်ရေး ပါတီက ကလေး ကစားကွင်း နေရာ ကို သိမ်းပြီး ကွန်ဒို အဖြစ် ဆောက်လုပ် နေတာ ကို ဦး ကိုကို ကြီး က ဟောပြော ဆန္ဒပြ ခဲ့ပါတယ်။

ဒါပေမဲ့ ၆ လ လောက် အကြာ မှာ အခုလို တရားစွဲ ခံရတယ် ဆိုပြီး တရားရုံးက ဆင့်ခေါ် ခဲ့ ပါတယ်။

တရားရုံး သွားရောက် ပြီး အမှု ရင်ဆိုင် ခဲ့ပေမယ့် လက်ခံမယ့် တရားသူကြီး မရှိလို့ ပြန်လာခဲ့ကြောင်း တရားရုံး က အပြန်မှာ ဦး ကိုကိုကြီး က သတင်း သမား တွေကို ပြောခဲ့ပါတယ် ။

ဦးကိုကိုကြီး ဟာ လွှတ်တော် နိုင်ငံရေးလုပ်ဖို့ ပြင်ဆင်နေသူ တဦး ဖြစ်ပြီး၂ဝ၁၅ ရွေးကောက်ပွဲ နီးလာ တဲ့ အချိန်ကျ မှ အခုလို တရားစွဲ ဖို့ လုပ် လာတာနဲ့ ပတ်သက်လို့ နိုင်ငံ ရေး အရ ထိုးနှက်တာ လို့ လည်း ဝေဖန်မှု တွေ ရှိပါ တယ်။

ဦးကိုကိုကြီး ဟာ တောင်ဥက္ကလာပ ကလေး ကစားကွင်းနဲ့ ပန်းခြံ မြေနေရာ ကို ကြံ့ခိုင်ရေး ပါတီက ကွန်ဒို အဖြစ် ဆောက်လုပ် ဖို့ ရောင်းချ တာ ကို ကန့်ကွက်ဖို့ တရားဝင် ခွင့်ပြုမိန့် တင်ခဲ့ ပေ မယ့် သက်ဆိုင်ရာ က ကျိုက္ကဆံ ဟစ်တိုင် မှာ ခွင့်ပြု ခဲ့တာ ကြောင့် တောင် ဥက္ကလာပ မှာ ဆန္ဒ ပြရာ က ခွင့်ပြုချက် မရှိဘဲ ဆန္ဒ ဖော်ထုတ်မှု ပုဒ်မ ၁၉ နဲ့ တရားစွဲ ခံရတာ ဖြစ်ပါ တယ်။

ဦးကိုကိုကြီး ဘက် ကတော့ မနက် ရုံးချိန်းမှာ အာမခံ လည်း မယူသလို ကိုယ်ပိုင်ခံဝန် လည်း မလုပ်ဘဲနဲ့ တည်ဆဲ ဥပဒေအတိုင်း ပြစ်ဒဏ်ကို ရင်ဆိုင် သွားဖို့ ရှိတယ် လို့လည်း ပြောထားပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ