တောင်ကြီးမှာ လူထု ဖိုရမ်ကျင်းပ

  • 15 ဇွန် 2015
shan ဓာတ်ပုံ မူပိုင် AP
Image caption မူးယစ် ဆေးဝါး၊ အမျိုးသမီး စတဲ့ အကြောင်းစုံ ဆွေးနွေး

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီး မြို့မှာ ၃ ရက်ကြာ လူထုဖိုရမ် တခု တနင်္ဂနွေနေ့ ကပဲ ပြီးဆုံး သွားပါတယ်။

မြို့နယ် ၂၀ ကျော်က လူမှုရေး အဖွဲ့အစည်း ၇ဝ လောက် တက်ရောက် ဆွေးနွေး ခဲ့ပါတယ်။

ပြည်နယ် အစိုးရ တာဝန် ရှိသူ တွေ ဆွေးနွေးပွဲ ကို တက်ရောက် ပြီး ဖြေကြား တာ တွေ လုပ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးမှာ ပြည်သူတွေ ပါဝင်နိုင် ရေး၊ လူငယ်နဲ့ မူးယစ် ဆေးဝါး၊ ပညာရေး၊ တိုင်းရင်းသား အခွင့်အရေး၊ အမျိုးသမီး နဲ့ ကလေးငယ် စတဲ့ အကြောင်းအရာ အမျိုးစုံ ကို ဖော်ထုတ် ဆွေးနွေး ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး မှာ လက်နက်ကိုင် ၂ ဖွဲ့ ပဲ ငြိမ်းချမ်းရေး လုပ်တာ မျိုး မဟုတ်ဘဲ လူထုပါ ငြိမ်းချမ်းရေး ခံစားခွင့် ရဖို့ လိုတဲ့ အကြောင်း တင်ပြခဲ့တာ ရှိတယ် လို့ လူထု ဖိုရမ် စီစဉ်သူ တဦး ဖြစ်တဲ့ ဦးနေမျိုး က ရှင်းပြပါတယ် ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်း က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ကို ဘတ်ဂျက်ငွေ မချပေး လို့ ဆိုပြီး ဒေသခံ မြေကို လက်ညိုးထိုး ရောင်းစား ခဲ့တာမျိုး အခုတခါ မဖြစ်ဖို့၊ ရွေးကောက်ပွဲ မှာ စောင့်ကြည့် လေ့လာနိုင်ဖို့၊ မြေယာ အသုံးချရေး ၊ မူးယစ် ဆေးဝါး ရောင်းဝယ်မှု တွေ ကို ထိထိရောက်ရောက် ကိုင်တွယ် နိုင်ဖို့၊ တိုင်းရင်းသား ဘာသာ ပညာ သင်ကြားနိုင်ရေး စတဲ့ လူမှုဘဝ မှာ နေ့စဉ် ကြုံတွေ့ နေရတာ တွေ ကို ဖြေရှင်းပေးဖို့ ပြည်နယ် အစိုးရ ကို တိုက်တွန်း ခဲ့ပါတယ်။

ပြည်နယ်အစိုးရ ကိုယ်စား ဥပဒေချုပ် က လာရောက် ဖြေကြား ပေမယ့် အားရတဲ့ အဖြေမျိုး မရခဲ့ ပါဘူး။

ဒါပေမဲ့ လည်း အစိုးရ တာဝန်ရှိသူ တွေနဲ့ လူမှုရေး အဖွဲ့အစည်း တို့ ပထမအကြိမ် တွေ့ဆုံပွဲဖြစ် လို့ နောက်ပိုင်းမှာ တိုးတက်မှုတွေ ရှိလာလိမ့်မယ် လို့ ဦးနေမျိုးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ