U23 ဗိုလ်လုပွဲ ထိုင်းက မြန်မာ ကို နိုင်

  • 15 ဇွန် 2015
thai_myanmar ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းအလယ်လူ Thitiphan Puangjan နဲ့ မြန်မာ အလယ်လူ ထွန်းနေလင်း တို့ အကြိတ်အနယ်

တနင်္လာ နေ့ က စင်္ကာပူမှာ ကျင်းပတဲ့ ၂၈ ကြိမ် မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ U23 ဘောလုံး ဗိုလ်လုပွဲ မှာ ထိုင်းက မြန်မာ အသင်း ကို ၃ ဂိုး ဂိုးမရှိ နဲ့ နိုင်သွား ပါတယ်။

ပထမပိုင်း ပြီးဆုံး ချိန် အထိ ဂိုးမရှိ သရေ ဖြစ်နေ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption စင်္ကာပူက မြန်မာ တွေ ကွင်းထိ အားပေး ကြ

ဒုတိယပိုင်း မှာတော့ ထိုင်းက ၅၃ မိနစ်၊ ၆၃ မိနစ်နဲ့ ၇၇ မိနစ် တွေမှာ မြန်မာ ကို ၃ ဂိုး သွင်းပြီး ရွှေတံဆိပ် ရသွား ပြီး မြန်မာ အသင်း ကတော့ ဒုတိယ ငွေတံဆိပ် နဲ့ပဲ ကျေနပ် လိုက်ရပါတယ်။

မြန်မာ အသင်း နဲ့ ထိုင်း အသင်း တို့ ရဲ့ နောက်ဆုံး ဗိုလ်လုပွဲ ကို စင်္ကာပူက မြန်မာ နိုင်ငံသား တွေ လက်မှတ် တွေ ဝယ်ရခက်တဲ့ ကြားက အားပေး ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် epa
Image caption ရန်ကုန် မြို့တော် ခန်းမ ရှေ့မှာ မြန်မာ ပရိသတ် အားပေး

လမ်းပေါ်ထွက် အားပေး

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့ မြို့ကြီး တွေမှာ လည်း ထောင်နဲ့ ချီတဲ့ ပရိသတ် တွေ က လမ်းပေါ်ထွက် အားပေး ခဲ့ကြပါတယ်။

ရန်ကုန် မြို့တော် ခန်းမ ရှေ့မှာ LED စကရင် က တဆင့် မြန်မာ ပရိသတ် တွေ တိုက်ရိုက် ကြည့်ရှု အားပေး ခဲ့ကြပါတယ် ။

စနေနေ့ က ကန်တဲ့ ဆီမီး ဖိုင်နယ် မှာ တော့ မြန်မာ က ဗီယက်နမ်ကို ၂ဂိုး - ၁ ဂိုးနဲ့ နိုင်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ