ရန်ကုန် မြို့သစ် စီမံကိန်း အတည်ပြု

  • 16 ဇွန် 2015
yangon tourism ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန် တဘက်ကမ်းက မြို့နယ် တွေမှာ မြို့သစ် တည်မယ်

ရန်ကုန် မြို့သစ် စီမံကိန်း အမြန် အကောင်အထည် ဖော်ဖို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် က ထောက်ခံမဲ အများစု နဲ့ တနင်္လာ နေ့ က အတည်ပြု လိုက်ပါတယ် ။

အဲဒီ စီမံကိန်း ဟာ မဟာ ရန်ကုန် မြို့သစ် စီမံကိန်း ၂ဝ၄ဝ လို့ မြို့တော်ဝန် က သတင်းထောက် တွေ ကို ပြောပေမယ့် စက်တင်ဘာလ က ဆိုင်းငံ့ဖို့ ဆုံးဖြတ် ခဲ့တဲ့ စီမံကိန်း နေရာ ကို ပုံစံ ပြောင်းပြီး ပြန်လည် အတည် ပြုခဲ့တာ လို့ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညို သင်းက ပြောပါတယ် ။

ရန်ကုန် တိုင်း လွှတ်တော် မှာ ထောက်ခံမဲ ၁ဝဝ ကျော် နဲ့ အတည်ပြု လိုက်တဲ့ မြို့သစ် စီမံကိန်း ဟာ ကြည့်မြင်တိုင် တဘက်ကမ်း က အေးရွာ နဲ့ ဆိပ်ကြီး ခနောင်တို မြို့နယ် တို့ ဘက်မှာ ဖြစ်ပါတယ် ။

ဧက ၂ သောင်း ကျော် သတ်မှတ်ပြီး အကောင်ထည် ဖော်မယ့် နေရာ ဟာ လည်း အစိုးရက မနှစ်က ရုပ်သိမ်း သွားတဲ့ စီမံကိန်း နေရာတွေ မှာပဲ ဖြစ်နေ ပါတယ် ။

အဲဒီတုန်းက သမ္မတ ရပ်ဆိုင်း ခိုင်းခဲ့တဲ့ စီမံ ကိန်းကို ရန်ကုန် အနောက်တောင် ပိုင်း မြို့သစ် စီမံကိန်း ဆိုပြီး ပုံစံ တမျိုးနဲ့ လွှတ်တော် က ပြန်လည် တင်သွင်းလာခဲ့တာ ဖြစ်တယ်လို့ ဒေါက် တာ ညိုညိုသင်း က ပြောပါတယ် ။

ရန်ကုန် မြို့တော်ဝန် က ဒီစီမံကိန်း ကို တင်ဒါ ပြန်ခေါ်မှာ ဖြစ်ပြီး ဘယ် အချိန် ခေါ်မှာ မပြောနိုင်ဘူး လို့ ပြောသွား ပါတယ် ။

ဒေါ်ညိုညိုသင်း ကတော့ အတည်ပြု လိုက်တဲ့ မြို့သစ် စီမံကိန်း ဟာ အခြေခံ လိုအပ်ချက် တွေ ဖြစ်တဲ့ ရေ မီး နဲ့ လမ်းပန်း ဆက်သွယ် မှုတွေ အကောင် အထည် ဖော်တာ ရှင်းရှင်းလင်း မပါသလို အကောင် အထည် ဖော် မယ့် ကုမ္ပဏီ တွေ ဟာ မြေကွက်ရိုက် ရောင်းမယ့် သဘောသာ ရှိလို့ ဒေသခံ တွေ အတွက် အကျိုး မဖြစ်နိုင်ဘူး၊ ဒါကြောင့် လူထု အင်အားနဲ့ ဆန္ဒပြ သွား မယ် လို့ ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ