ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ပစ်ခတ်မှုဖြစ်

  • 17 ဇွန် 2015
bangladesh myanmar border ဓာတ်ပုံ မူပိုင် narinjara
Image caption နယ်စပ် က နတ်မြစ်ပေါ်မှာ ၂ ဘက် နယ်ခြားစောင့်တပ်တွေ ပစ်ခတ်မှု ဖြစ်ခဲ့

မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလားဒေ့ရှနယ်စပ် နတ်မြစ်ပေါ်မှာ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် ကနယ်ခြားစောင့်တပ်ဖွဲ့ တို့အကြား ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီကျော် မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။

မြန်မာပိုင်နက်ထဲကို ဘင်္ဂလားဒေ့ရှ် ကနယ်ခြားစောင့်တပ်ဖွဲ့ ၀င် ၃ ယောက် လှေနဲ့ ရောက်နေလို့ တားဆီးစဉ် ဟိုဘက်က စပစ်လို့ မြန်မာတပ်ဖွဲ့ဘက်က ပစ်တာလို့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး က ဘီဘီစီ ကို ပြောပါတယ်။

လှေပေါ်မှာ ဘင်္ဂလားဒေ့ရှ် က နယ်ခြားစောင့်တပ်ဖွဲ့က တပ်ကြပ်တယောက် နဲ့ တပ်ဖွဲ့ဝင် ၂ ယောက် လိုက်ပါလာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် က နယ်ခြားစောင့်တပ်ဖွဲ့က တပ်ဖွဲ့ဝင် တယောက် ဒဏ်ရာရတာတွေ ရှိသလို အဲဒီ တပ်ဖွဲ့ က တပ်ကြပ်တယောက်ကို လည်းဖမ်းဆီးရမိထားတယ်လို့ လည်း မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး က ပြောပါတယ်။