ရွေးကောက်ပွဲအရေးကြီးကြောင်း ဒေါ်စုပြော

  • 19 ဇွန် 2015
assk birthday ဓာတ်ပုံ မူပိုင် epa
Image caption ဒေါ်အောင်ဆန်းစုကြည် ၇၀ ပြည့်မွေးနေ့

၂၀၁၅ ရွေးကောက်ပွဲရဲ့ တရားမျှတမှုဟာ သိပ်အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒါ့အပြင် လှည့်စားမှုကင်းတဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးမြန်မာနိုင်ငံမှာ ရှိဖို့လိုအပ်တယ်လို့ ပြောသလို ပြည်သူလူထုရဲ့ ပါဝင်မှု အရေးကြီးကြောင်းကို သူ့ရဲ့ အသက် ၇၀ ပြည့်မွေးနေ့မှာ ဒေါ်အောင်းဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

လွှတ်တော်တွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့လက်ဆောင် အဖြစ် နှင်းဆီပန်းတွေ ပေးခဲ့သူတွေရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မွေးနေ့လက်ဆောင် အဖြစ် NLD ကို မဲပေးကြပါလို့ ပြောခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးကို ပြောင်းပြန်လှန်ပစ်လိုက်သလို ထူးခြားကြီးမားတဲ့ အပြောင်းအလဲမျိုးကို ဆောင်ကြဉ်းနိုင်မယ့် ရွေးကောက်ပွဲမျိုးပါလား။

ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းကတော့ အခြေခံဥပဒေကို မပြင်ဆင်ဘဲ ကျင်းပခဲ့ရင် ရာနှုန်းပြည့် ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲတော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီအမတ်တွေ တိုးတက်များပြားလာရင် အပြောင်းအလဲဆီ ပိုမိုနီးကပ်လာစေနိုင်တယ်လို့လည်း ဆိုပါတယ်။