တိရိစ္ဆာန်မျိုးတုံးမှု လူကိုထိခိုက်နိုင်

  • 20 ဇွန် 2015
ဓာတ်ပုံ မူပိုင် NHPA
Image caption တိရိစ္ဆာန် မျိုးစိတ် အတော်များများဟာ မျိုးတုံးမယ့် အန္တရာယ် ကြုံနေရ

ကမ္ဘာကြီး ဟာ သတ္တဝါတွေ မျိုးတုံး ပျောက်ကွယ်မှု ဖြစ်စဉ်သစ် တခုဆီ ဝင်ရောက် နေပြီး အဲဒီထဲမှာ လူသား တွေလည်း ထိခိုက်မှု ရှိနိုင် တယ်လို့ သိပ္ပံ ပညာရှင် တွေက သတိပေး လိုက်ပါတယ်။

သတ္တဝါ မျိုးစိတ် တွေဟာ လူတွေရဲ့ ပယောဂ မပါဘဲ ပျောက်ကွယ် နိုင်တဲ့ နှုန်းထက် အဆ ၁၀၀ လောက် ပိုမြန်တဲ့ နှုန်းနဲ့ စိုးရိမ်စရာ ကောင်းလောက်အောင် ပျောက်ကွယ် နေကြတယ် လို့ လေ့လာချက် သစ် တခုက ဆိုပါတယ်။

တိရိစ္ဆာန်တွေ ရှင်သန် နေထိုင်တဲ့ သဘာဝ နေရာတွေ ပျောက်ကွယ် ကုန်သလို၊ ပတ်ဝန်းကျင် ညစ်ငြမ်းမှုနဲ့ ရာသီဥတု ပြောင်းလဲမှု တွေကြောင့် သတ္တဝါတွေ မျိုးတုံး ကုန်ရတာ ဖြစ်ပါတယ်။

ဒီလို တိရိစ္ဆာန် မျိုးစိတ်တွေ ပျောက်ကွယ် ကုန်တဲ့ အတွက် လူတွေရဲ့ အသက်ရှင် နေထိုင်မှုကို အထောက်အကူ ပြုနေတဲ့ စံနစ်တွေကို ဖျက်ဆီးပစ်ရာ ရောက်တယ်လို့ သုတေသန အဖွဲ့ဝင် သိပ္ပံ ပညာရှင် တဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းလောက်က ဒိုင်နိုဆော သတ္တဝါတွေ မျိုးတုံး ပျောက်ကွယ် ပြီးတဲ့ နောက်ပိုင်း အခုအခါ အလျှင် မြန်ဆုံး နှုန်းနဲ့ သတ္တဝါ မျိုးစိတ်တွေ ပျောက်ကွယ် နေကြတယ် လို့ဆိုပါတယ်။