ကချင်နယ်ထဲက အကြီးစားစီမံကိန်းတွေ ဝေဖန်ခံရ

  • 20 ဇွန် 2015
kachin_jade_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေသခံတွေ အတွက် လူမှုရေး ပြဿနာ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးရတဲ့ ပြဿနာတွေ ဖြစ်ပေါ်စေတယ်လို့ အစီရင်ခံစာ ကပြော။

ဗဟို အစိုးရ ထိန်းချုပ်ထား တဲ့ ကချင် ပြည်နယ် ထဲက အကြီးစား စီမံကိန်း တွေဟာ ဒေသခံ ပြည်သူ တွေ အပေါ် ဆိုးကျိုး တွေ ဖြစ်ပေါ် စေတယ် လို့ ကချင် လူမှု ဖွံ့ဖြိုးရေး ကွန်ရက် KDNG က ပြောလိုက် ပါတယ်။

အကြီးစား စီမံကိန်း တွေ လုပ်ဆောင်နေ တဲ့ မြစ်ကြီးနား၊ ဖားကန့် နဲ့ ဟူးကောင်း ဒေသက အခြေအနေ တွေ ကို ကာလ ရှည်ကြာ လေ့လာပြီး ထုတ်ပြန် တဲ့ အစီရင်ခံစာ တစောင် မှာ အခုလို ပြောထား တာ ဖြစ်ပါတယ်။

အစီရင်ခံစာ ထဲမှာ ဖော်ပြ ထားတဲ့ စီမံကိန်းတွေ ထဲမှာ ခဏ ရပ်ဆိုင်း ထားတဲ့ တရုတ် ကုမ္ပဏီ ရဲ့ မြစ်ဆုံ စီမံကိန်း နဲ့ ဟူးကောင်း ချိုင့်ဝှမ်း က မြေဧက တသိန်းကျော် မှာ လုပ်ကိုင်နေ တဲ့ ယုဇန ကုမ္ပဏီ ရဲ့ စိုက်ပျိုးရေး စီမံကိန်း တွေ အပြင် အကြီးစား ယန္တယား တွေ အသုံးပြု လုပ်ကိုင်နေ တဲ့ ဖားကန်း ကျောက်စိမ်းတွင်း လုပ်ငန်း တွေ အဓိက ပါဝင်ပါ တယ်။

အဲဒီ စီမံကိန်း တွေဟာ ပြည်သူတွေ အတွက် အကျိုး မရှိပဲ ဒေသခံ တွေ အတွက် လူမှုရေး ပြဿနာ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးရ တဲ့ ပြဿနာ တွေ ဖြစ်ပေါ် စေတယ် လို့ အစီရင်ခံစာ မှာ ပြောထားတာ ဖြစ်ပါတယ်။

ဒီ စီမံကိန်း တွေ ဆောင်ရွက်ရာ မှာ ဒေသခံတွေ ရဲ့ သဘောထား ဆန္ဒ ကို ထည့်သွင်း စဉ်းစားတာ မျိုး မရှိခဲ့ တဲ့ အတွက် ဒီမိုကရေစီ အသွင် ကူးပြောင်းဆဲ ကာလမှာ အဲဒီ စီမံကိန်း တွေကို ရပ်ထား သင့်တယ် လို့ KDNG အထွေထွေ အတွင်းရေးမှူး ကိုစာဂျီး က ပြောပါတယ်။

ဒေသခံ တွေ အပေါ် ဆိုးကျိုး သက်ရောက်တယ် ဆိုတဲ့ နေရာမှာ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတာ၊ တရားဥပဒေ အကာအကွယ် မရှိတာ၊ မူးယစ် ဆေးဝါး ပြဿနာ စတဲ့ ကိစ္စတွေ က အဆိုးဆုံး ဖြစ်နေတယ် လို့ မြစ်ကြီးနား မြို့ခံ ဦးချာနော် က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ