ရွေးကောက်ပွဲဝင်မဝင် NLD ကြေညာမယ်

  • 20 ဇွန် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ကိုယ်စားလှယ် လောင်းတွေ ဟာ ပိုင်ဆိုင်မှု တွေကို အချိန်မရွေး စစ်ဆေး ခံနိုင်ရမယ်လို့ပြော

အန်အယ်ဒီ ပါတီ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်မဝင် မကြာခင် တရားဝင် ကြေညာမှာ ဖြစ်ပြီး ၊ တကယ်လို့ ဝင်မယ်ဆိုရင် ကိုယ်စားလှယ် လောင်း စာရင်းကို ထုတ်ပြန်မှာ ဖြစ်တယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က ပြောပါတယ်။

ကိုယ်စားလှယ် လောင်းတွေ အနေနဲ့သူတို့ရဲ့ ပိုင်ဆိုင်မှု ကို ပါတီကို ချပြရမှာ ဖြစ်ပြီး စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ခြင်း ရှိမရှိ ကိုလည်း ထုတ်ဖော် ပြောရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပါတယ်။

စနေနေ့မှာ စတင်တဲ့ ၂ ရက်ကြာ ဗဟိုကော်မီတီ အစည်း ဝေး မှာ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ရေးနဲ့ အောင်နိုင် ရေး ကိစ္စတွေကို ဆွေးနွေး ကြမှာ ဖြစ်တယ်လို့ အန်အယ်ဒီ ပါတီက ပြောပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ပါတီညီလာခံမှာ တနိုင်ငံ လုံးက ဗဟိုကော်မီတီဝင် ၁၁၂ ဦး တက်ရောက်နေကြ ပါတယ်။