ဒုက္ခသည်တွေ ပြန်မပို့ဖို့ တောင်းဆို

  • 20 ဇွန် 2015
refugee  thai
Image caption နယ်စပ် စခန်း တွေကို ထိုင်း အာဏာပိုင်တွေ စစ်ဆေး

စနေနေ့ မှာ ကျရောက် တဲ့ နိုင်ငံ တကာ ဒုက္ခသည် များ နေ့ မှာ ထိုင်း မြန်မာ နယ်စပ် က ကရင် အမျိုးသမီး အစည်းအရုံး KWO က နေပြီး ဒုက္ခသည် တွေ အချိန် မတန်ဘဲ ပြန်ပို့ တာတွေ မလုပ်ဖို့ ထုတ်ပြန် တောင်းဆို ခဲ့ပါတယ်။

နယ်စပ်က ဒုက္ခသည် တွေ ပြန်ဖို့ ပြည်တွင်း မှာ တည်ငြိမ် အေးချမ်းမှု မရှိဘဲ ပြန်လို့ မဖြစ်နိုင် လို့ ၊ ဒီအတွက် အာမခံချက် မရှိလို့ ဒီလို တောင်းဆိုခဲ့ တာ လို့ ကရင် အမျိုးသမီး အစည်း အရုံး ဥက္ကဋ္ဌ နန့် ဒါအဲ့ကလယ် က ပြောပါ တယ်။

၂ဝ၁၂ နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ တိုးတက် လာတဲ့ နိုင်ငံရေး အပြောင်းအလဲ မတွေ့ရဘဲ ပြည်တွင်း မှာ အစိုးရ နဲ့ တိုင်းရင်းသား တပ်တွေ ငြိမ်းချမ်းရေး ဆွေးနွေး အောင်မြင် လို့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်တဲ့ အထိ အခြေအနေ ခိုင်မာ လာမှ ဒုက္ခသည် တွေ ပြည်တွင်း ပြန်ရဲ ကြမယ် လို့ သူက ပြော ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက် မှု တွေ ဆက်ပြီး ဆိုးရွား နေရင် ပြန်ရဲကြမှာ မဟုတ်ဘူး လို့လည်း ပြောပါတယ်။

၂ဝ၁၃ နောက်ပိုင်း မြန်မာ အစိုးရ ဘက် က မြို့နယ်ခွဲ အသစ် တွေ ဖွဲ့ပြီး ဒုက္ခသည် တွေ လက်ခံမယ် ဆိုတဲ့ သတင်း တွေ ထွက်လာ သလို ထိုင်းဘက် က ပြန်ပို့ဖို့ စဉ်းစား နေတယ် ဆိုတဲ့ သတင်း တွေ ကြောင့် စိုးရိမ်စိတ်တွေ တိုးပွား ရ တယ် လို့ လည်း ဆိုပါတယ်။

ထိုင်းနယ်စပ် က ဒုက္ခသည် စခန်း တွေ မှာ ဒုက္ခသည် ၁ သိန်းကျော် ရှိနေ ပြီး သူတို့ကို ထောက်ပံ့မှု တွေ ထက်ဝက် နီးပါး လျှော့ချ ခံနေရ တယ် လို့ သိရ ပါတယ်။

တတိယ နိုင်ငံ ရွှေ့ပြောင်းမှု မှာ စာရင်းပိတ် သွားပြီး နောက်ဆုံး လက်ကျန် တွေ ခေါ်ယူ တာပဲ ကျန်တော့တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ