မဘသ ရွေးကောက်ပွဲ အပေါ် သဘောထား ထုတ်ပြန်

  • 22 ဇွန် 2015
wirathu ဓာတ်ပုံ မူပိုင် AFP Getty Images
Image caption မန္တလေး မစိုးရိမ် တိုက်သစ်က အရှင် ဝီရသူ

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ ရဲ့ ဒုတိယ အကြိမ် ညီလာခံ ကြေညာချက် ထဲမှာ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထား လည်း ပါလာတာ ကို တွေ့ရပါတယ် ။

မဘသ အနေနဲ့ ရွေးကောက်ပွဲ မှာ လွတ်လပ်မျှတ စွာ ယှဉ်ပြိုင် ကျင်းပခွင့် ရှိစေလို ကြောင်း၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲ နဲ့ အားပေး ဘက်လိုက် လုပ်မှာ မဟုတ်ကြောင်း မဘသ ဦးဆောင် ဆရာတော် တပါး ဖြစ်တဲ့ မန္တလေး မစိုးရိမ် တိုက်သစ် က အရှင် ဝီရသူ က မိန့်ပါတယ် ။

ဒါပေမဲ့ ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ ကို မေးမြန်းပြီး အမျိုး ဘာသာ သာသနာ နဲ့ မြို့ရွာ အတွက် အကောင်းဆုံး ဆောင်ရွက်နိုင်မယ် လို့ ယူဆရသူ တွေကို ရွေးချယ်ဖို့ ရွာတွေမှာ အသိပေး ထုတ်ပြန် သွားမယ် လို့ လည်း သူက ဆိုပါတယ်။

မဘသ အနေနဲ့ ဒီလို လုပ်ဆောင် တာမှာ အမျိုးသား နိုင်ငံရေး အတွက် အရေးကြီးဆုံး ခေါင်းဆောင် ရအောင် ဆောင်ရွက်တာမို့ ပါတီ နိုင်ငံရေး လုပ်တာ မဟုတ်ဘူး လို့လည်း ဦးဝီရသူ က ချေပ ပါတယ် ။

ဒီလို လုပ်ဆောင် ရာမှာ တဘက် အဖွဲ့အစည်း တခုခု က ရန်လို ပြုမူတာ တွေ ရှိလာရင်လည်း အေးငြိမ်း အောင် ရှောင်ရှား သွားမယ် လို့ မိန့်ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ