မဲရုံလုံခြုံရေးအတွက် ရဲအရံအင်အားလို

election burma ဓာတ်ပုံ မူပိုင် Reuters
Image caption မဲရုံ တွေ လုံခြုံရေး ရှိဖို့ လိုအပ်

ရွေးကောက်ပွဲ ကာလ မဲရုံ တွေ လုံခြုံရေး အတွက် လိုအပ်နေတဲ့ ရဲတပ်ဖွဲ့ အရံ အင်အား တွေ ကို ရပ်ကွက် လူထု ထဲ ကနေ ခေါ်ယူ သွားမယ် လို့ မြန်မာ ရဲတပ်ဖွဲ့ က ပြောပါတယ်။

လူထုကို လုံခြုံမှု ပေးဖို့ လိုတဲ့ ရဲ အင်အား ကို အမြဲတမ်း ကာလ အတွက် ဖြည့်တင်းဖို့ အသုံး စရိတ် တွေ လိုတာမို့ ဒီလို အရံ အင်အား အနေနဲ့ ခေါ်မှာ လို့ သိရပါတယ် ။

လက်ရှိ ရဲ အင်အားဟာ ဖွဲ့စည်းပုံ အရ မပြည့်မီ သေးဘူး လို့လည်း ရဲမှူးချုပ် သူရ ဦးဘိုနီ က ပြောပါတယ် ။

ဒီ အရံ အင်အား တွေ ဖြည့်ဖို့ ရပ်ကွက် လူထုက လေးစား ယုံကြည် ရသူတွေ ကို ရပ်မိ ရပ်ဖ တွေ ထောက်ခံချက် နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ မှူး တွေ က ရွေးချယ် သွားမယ်၊ သူတို့ ကို ရွေးကောက်ပွဲ ကာလ အတွက်ပဲ လစာ ပေးမယ် လို့ ဦးဘိုနီ က ပြောပါတယ် ။

ဒီ အရံ ရဲ တွေကို ဝါရင့် ရဲ တပ်ဖွဲ့ဝင် တွေနဲ့ ပူးတွဲ လေ့ကျင့် ပေးသွားမှာပါ။

ဒါဟာ ၁၉၄၅ ရဲ အက်ဥပဒေ ပုဒ်မတွေနဲ့ အညီ ဆောင်ရွက် မှာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပြီးမှာ ဒီ အရံရဲ တွေကို မဆိုင်တဲ့ နေရာမှာ မသုံးရအောင် စီစဉ် သွားမယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ