ရခိုင် အခြေခံ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်

  • 23 ဇွန် 2015
rakhine ဓာတ်ပုံ မူပိုင် epa
Image caption ဝှိုက်ကတ် ပြန်အပ်တဲ့သူ သုံးသိန်း ကျော်ရှိ

ရခိုင် ပြည်နယ် မဲစာရင်း ကို ရခိုင် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် က တနင်္လာ နေ့က ထုတ်ပြန်ခဲ့ ရာမှာ ပြည်နယ် အတွင်း မဲပေးခွင့် ရှိသူ လူပေါင်း တသန်း သုံးသိန်းကျော် ရှိတယ်လို့ သိရပါတယ်။

အခု ထုတ်ပြန်တဲ့ အခြေခံ မဲစာရင်း ထဲမှာ လက်ရှိ ဒုက္ခသည် စခန်း တွေမှာ ရှိနေတဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား တွေ စာရင်းတွေ မပါသေးဘူး လို့ သိရပါတယ်။

သူတို့ မဲစာရင်းထဲမှာ ပါဝင်ခွင့် ရမရ ရွေးကောက်ပွဲ တရားဝင် သတ်မှတ်ရက် ကြေညာပြီး ထုတ်ပြန်တဲ့ မဲစာရင်း မှာမှ သိနိုင်မယ် လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးသူရိန်ထွန်း က ပြောပါတယ် ။

အခု ထုတ်ပြန်တဲ့ အခြေခံ မဲစာရင်း ကတော့ ရခိုင် ပြည်နယ် အတွင်း နေထိုင်သူတွေ ဖြစ်ပြီး နိုင်ငံသား ကတ် ကိုင်ဆောင်သူ ဗုဒ္ဓဘာသာ တွေရော၊ အစ္စလာမ် ဘာသာဝင် တွေရော ပါဝင်တယ် လို့ သိရ ပါတယ်။

လက်ရှိ ရခိုင် ပြည်နယ် အတွင်း ဝှိုက်ကတ် တွေကို ပြန်အပ်တဲ့ လူပေါင်း သုံးသိန်း ကျော် ကို နိုင်ငံသား စိစစ်ခံရမယ့် အစိမ်းရောင် ကတ်တွေကို ထုတ်ပေး နေပါတယ်။

အဲဒီ အစိမ်းရောင်ကတ် ကိုင်ဆောင်သူ တွေ ကတော့ မဲထည့်ခွင့် မရသေးပါဘူး။

အခု အခြေခံ မဲစာရင်း ထုတ်ပြန်တဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲ အတွက် အပြီးသတ် ထုတ်ပြန် တာ မဟုတ်ဘဲ ပြင်ဆင် ဖြည့်စွက် နုတ်ပယ် တာတွေ လုပ်နိုင်တယ် လို့ ဦးသူရိန်ထွန်း က ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်း မဲစာရင်း အရှုပ်အထွေး တွေ ရှိနေတဲ့ အတွက် ၂ဝ၁၅ ရွေးကောက်ပွဲ မှာ ဆူပူမှု တွေ ဖြစ်နိုင် တယ် လို့ ခန့်မှန်း နေကြပြီး အများ ပြည်သူ ကြား စိုးရိမ် နေကြတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ