အနိမ့်ဆုံးလုပ်ခ သတ်မှတ်နိုင်ပြီ

  • 24 ဇွန် 2015
Burmese Workers ဓာတ်ပုံ မူပိုင် AP
Image caption Master Sport စက်ရုံ အလုပ်သမားတွေ လုပ်ခတိုးပေးဖို့ မနှစ်က ဆန္ဒပြခဲ့ကြ။

အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ စုပေါင်းပြီး ဖွဲ့ထားတဲ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ရေး ကော်မတီက မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံး လုပ် ခကိုအဆိုပြု နှုန်းထားတွေထဲက တစ်ခုကို ဇွန်လ ၂၄ ရက်နေ့က သဘောတူ သတ်မှတ် နိုင်ခဲ့ကြ ပါတယ်။

သတ်မှတ်နှုန်းထားက တစ်နေ့ကို ကျပ်ငွေ ၃၀၀၀ နဲ့ ၄၀၀၀ ကြား ဖြစ်တယ်လို့ ၃ရက် ကြာ ပြုလုပ်တဲ့ အလုပ် ရုံဆွေးနွေးပွဲ အပြီး အလုပ်သမား အလုပ် အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က သတင်းထောက်တွေကို ပြောပါတယ်။

တရားဝင် ထုတ်ပြန်ချက်ကိုတော့ ဒီတစ်ပတ်အတွင်း အစိုးရဘက်က ထုတ်ပြန် မယ်လို့ သူက ပြောပါတယ်။

ဒီအလုပ် ရုံဆွေးနွေးပွဲမှာ အလုပ်သမား ကိုယ်စားလှယ်တွေ ဘက်က အနိမ့်ဆုံးလုပ်ခကို တစ်နိုင်ငံလုံး တပြေးညီ ၄၀၀၀ ကျပ် သတ်မှတ်ပေးဖို့ တင်ပြကြ ပေမဲ့ ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲမှာ ဆန္ဒသဘောထား ရယူမှု အရ ၃၆၀၀ ကျပ် အထိ အမြင့်ဆုံး ပေးဖို့ သဘောတူခဲ့ကြတယ်လို့ အနိမ်ဆုံး လုပ်ခ သတ်မှတ်ရေး ကော်မတီ ဝင်တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

အလုပ်ရှင်တွေ ဘက်က နေရာ ဒေသအလိုက် ခွဲပြီးသတ်မှတ်ဖို့ပြောတဲ့ အပြင် ဇွန်လ ၂၃ ရက် နေ့ကတော့ ၂၅၀ဝ ကျပ်အဆိုပြုခဲ့ ပါတယ်။

လုပ်ခ သတ်မှတ်ချက်ကို ထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်သူ ရှိမရှိ စောင့်ကြည့်မှာ ဖြစ်ပြီး ကန့်ကွက်မှု မရှိရင် တော့ အတည်ဖြစ်ပါလိမ့်မယ်။

ဒီလုပ်ခကို တစ်နေ့တာ အလုပ်ချိန် ၈ နာရီ အတွက် ပေးရမှာ ဖြစ်ပြီး အချိန်ပို အတွက် သီးခြားပေးရမှာ ဖြစ်ပါတယ်။

လက်တလော ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်း အနေအထားရ ဒီပမာဏက နည်းတယ်လို့ ဆိုနိုင်ပေမဲ့ နောင် ၁၈ လအတွင်း အလုပ် သမားတွေ တောင်းဆိုတဲ့ အနိမ့် ဆုံးလုပ် ခ ကို ၄၀၀၀ ကျပ် နှုန်းထိ ရောက်အောင် အလုပ်ရှင်တွေ ဘက်က တဖြေးဖြေး တိုးပေးသွားမယ်လို့လည်း ကော်မတီအစည်းဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ