မြန်​မာ့​နိုင်ငံ​ရေး အကြပ်​အတည်း​ဆိုက်​ချိန်​လို့ ဝေဖန်နေ

_assk_nld_party_meeting ဓာတ်ပုံ မူပိုင် AFP
Image caption NLD အနေနဲ့ ရွေးကောက်ပွဲ ဝင် မဝင် ကြေညာလာ ဖို့ ရှိနေ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟာ စစ်တပ် ကိုယ်စားလှယ် တွေ က မထောက် ခံတဲ့ အတွက် လွှတ်တော် အတွင်း ရှုံးနိမ့် သွားခဲ့ တဲ့ နောက် မြန်မာ့ နိုင်ငံရေး အကြပ်အတည်း ဆိုက်လာ ပြီ ဖြစ်တယ် ဆိုတဲ့ ဝေဖန်မှု တွေ ပေါ် ထွက်လာပါတယ်။

ပြုပြင် ပြောင်းလဲ ရေး ဆောင်ရွက် ရာမှာ လွှတ်တော် နိုင်ငံရေး လမ်းကြောင်း ရဲ့ အောင်မြင် နိုင်မှု မရှိတဲ့ အပေါ် မြန်မာ ပြည်သူ တွေ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် ရှင်းရှင်းလင်းလင်း သိလာ စေ တယ် ဆိုတဲ့ အမြင်မျိုး တွေ လူတွေ ကြားမှာ ထွက် ပေါ် လာတယ် ဆိုပြီး တော့ ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုအောင်ဇော် က ပြောပါတယ်။

အခုလို လွှတ်တော် တွင်း မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရှုံးနိမ့် ခဲ့ ရတဲ့ နောက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲ့ ပါတီ NLD အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မှာ ဝင် မဝင် ဘယ်လို ဆုံးဖြတ် လာမလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာ တယ် လို့လည်း ကိုအောင်ဇော် က ဆိုပါတယ်။

အခုလို လွှတ်တော် တွင်း ဖွဲ့စည်းပုံ ပြင်ဆင် ရေး ရှုံနိမ့် ခဲ့တဲ့ ရလဒ် နဲ့ ပတ်သက်ပြီး ဒါဟာ ပြုပြင် ပြောင်းလဲ ရေးကို မလိုလားဘူး ဆိုတာ ပြသ လိုက်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည် က ပြောခဲ့ ပေမယ့် ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး ဆိုတာ ကို ဒီတခုတည်း အပေါ်မှာ မူတည် ဆုံးဖြတ်မှာ မဟုတ်ဘူး လို့လည်း ပြောခဲ့ ပါတယ်။

စစ်တပ် အနေနဲ့ ကတော့ နိုင်ငံရေး မှာ ဦးဆောင်မှု အခန်းကဏ္ဍ က ဆက်လက် ပါဝင် နေဦးမယ် ဆိုတဲ့ မူဝါဒ ကို ဆက်လက် ဆုပ်ကိုင် ထား နေချိန် မှာ ပဲ နိုင်ငံတကာ က တိုက်တွန်း နေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို အခုလို လွှတ်တော် တွင်း ပယ်ချ လိုက်တဲ့ အတွက် မြန်မာ ပြည် အပေါ် အပြု သဘော ဆောင် ဆက်ဆံ ရေး ကို နိုင်ငံ တကာ က ပြန်လည် စဉ်းစား လာနိုင်တယ် လို့ ကိုအောင်ဇော် က သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ