ရွေးကောက်ပွဲကျင့်ဝတ်တွေ နိုင်ငံရေးပါတီတွေကြား သဘောတူ

burma_election ဓာတ်ပုံ မူပိုင် Reuters
Image caption ကျင့်ဝတ်ပိုင်း လိုက်နာ စောင့်ထိန်းဖို့ရာသာ ဖြစ်ပြီး ဖြစ်ပြီး ဥပဒေ အရ စည်းနှောင် ထားတာ မျိုး မဟုတ်။

ရွေးကောက်ပွဲ အတွင်း နိုင်ငံရေး ပါတီ တွေ နဲ့ ကိုယ်စားလှယ် လောင်းတွေ လိုက်နာရမယ့် ကျင့်ဝတ် သိက္ခာ စာတမ်းကို နိုင်ငံရေး ပါတီ ၆၇ ပါတီ က ဇွန်လ ၂၆ ရက် နေ့မှာ သဘောတူ လက်မှတ် ရေးထိုး လိုက် ပါတယ်။

မဲဆွယ်လှုပ်ရှား မှု တွေ မှာ လက်နက် မကိုင်ဆောင် ဖို့ အပါအဝင် ပြိုင်ဘက် တွေ အပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက် တာနဲ့ အသရေ ဖျက် ပြောဆို တာမျိုး ၊ ဆဲရေးတိုင်းထွာ တာမျိုးတွေ မလုပ်ဖို့ အချက် တွေ ထည့်သွင်း ထားတယ် ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ဗဟို ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ဘီဘီစီ ကို ပြောပါတယ်။

နိုင်ငံရေး ပါတီ တစ်ခု ရဲ့ မူဝါဒ ပိုင်းဆိုင်ရာ ကို ဝေဖန် တာမျိုး ကိုတော့ ကန့်သတ် မထားဘူး လို့လည်း ဦးထွန်းထွန်းဟိန် က ဆိုပါတယ်။

လွတ်လပ်ပြီး ပါလီမန် ဒီမိုကရေစီ ခေတ် ရွေးကောက်ပွဲ တွေ တုန်း ကတော့ နိုင်ငံရေး ပါတီ တွေ ကြားထဲ အခုလို ကျင့်ဝတ် ပိုင်း ဆိုင်ရာ သဘောတူ စာချုပ် ချုပ် ဆိုတာ မျိုး တွေ မရှိ ခဲ့ဖူးပဲ ဒီ အလေ့အထ ကို ပထမ ဆုံး စတင် အကောင်အထည် ဖော် လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျင့်ဝတ်ပိုင်း လိုက်နာ စောင့်ထိန်းဖို့ရာသာ ဖြစ်ပြီး ဖြစ်ပြီး ဥပဒေ အရ စည်းနှောင် ထားတာ မျိုး တော့ မဟုတ် ပါဘူး။

ဒီလို လိုက်နာ သင့်တဲ့ ကျင့်ဝတ် ပိုင်း တွေ ကို ဆွစ်ဇာလန် သံရုံး ရဲ့ ကူညီ ထောက်ပံ့မှု နဲ့ နိုင်ငံရေး ပါတီတွေ အကြား ဆွေးနွေးခဲ့ ကြ တာ ကနေ ရရှိလာတဲ့ မူကြမ်း ကို ရွေးကော်ပွဲ ကော်မရှင် နဲ့ ညှိနှိုင်း ခဲ့ ကြ အပြီး မှာတော့ ပါတီတွေ က သဘောတူ လက်မှတ် ရေးထိုး လိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ