ကျောက်မျက် ပြပွဲမှာ အရည်ကောင်း ကျောက်တွေ ပိုရောင်းမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption အရည် အသွေး ကောင်းတဲ့ ကျောက်တွေ ပိုရောင်းဖို့ရှိ

ပြည်ပကုန်သည် တွေကို နိုင်ငံခြား ငွေနဲ့ ရောင်းချ ပေးနေတဲ့ ဒီနှစ် ကျောက်မျက်ရနာ ပြပွဲမှာ မနှစ်တုန်းကထက် ကျောက်စိမ်း အတွဲ ၁၅၀၀ လောက် ပိုပြီး ရောင်းချပေး သွားမယ်လို့ ပွဲကျင်းပရေး ကော်မီတီက ပြောပါတယ်။

မနှစ်တုန်းက ကျောက်မျက် ရတနာ ပြပွဲမှာ ရောင်းရငွေ ယူရိုငွေ ၁.၆ ဘီလျံ အထိရှိခဲ့ ပေမယ့် ဝယ်မယ်လို့ ကတိပေးပြီး ပျက်ကွက်ခဲ့ တာတွေ ရှိခဲ့လို့ ဒီနှစ်မှာတော့ စရံငွေ ၅ ရာခိုင်နှုန်း ယူထားတယ်လို့ ဆိုပါတယ်။

ဒီနှစ်ရောင်းချမယ့် ကျောက်စိမ်းတွဲ တွေရဲ့ ကြမ်းခင်းစျေးဟာ ယူရိုငွေ လေးထောင် ကနေ ၁၂ သန်း အထိ တန်ဖိုးသတ်မှတ် ထားပါတယ်။

ဒီနှစ်မှာ ယူရိုငွေ ၂ ဘီလျံ လောက်အထိ ရောင်းရဖို့ ခန့်မှန်း ထားကြောင်း မြန်မာ့ ကျောက်မျက် အသင်း အထွေထွေ အတွင်းရေးမှူး ဦးဇော်ဘိုခန့် ကပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ဒီပြပွဲကို တရုတ်၊ ဟောင်ကောင်၊ ထိုင်း၊ မလေးရှား နဲ့ အီတလီ က ကုန်သည် သုံးထောင်လောက် လာရောက်ကြပြီး တရုတ်နိုင်ငံက လာတဲ့ ကုန်သည်တွေက အများဆုံးဖြစ် ပါတယ်။

အခု ခင်းကျင်း ရောင်းချ နေတဲ့ ကျောက်မျက် ရတနာ တွေထဲမှာ ကျောက်စိမ်း အတွဲပေါင်း ၈၉၄၃ တွဲ၊ ပတ္တမြား၊ နီလာနဲ့ အခြား ကျောက်မျက် ၃၂၀ ကျော် ပါဝင်ပါတယ်။