ရခိုင်အနှံ့ ရေကြီးလို့ လူသေတဲ့အထိ ဖြစ်

  • 27 ဇွန် 2015
rakhine_flood
Image caption ရခိုင်မှာ မိုးကြီးပြီး မြစ်ရေလျှံ ကာ မြို့ရွာ အများ အပြား ရေ လွှမ်း ခဲ့ ကြတာ မှာ လူသေ ဆုံး မှု အထိ ဖြစ် ခဲ့။

ရခိုင်ပြည်နယ် အနှံ့ သီတင်း တစ်ပတ် လောက် မိုးသည်းထန် ခဲ့ပြီး မြစ်ရေကြီး နေချိန် မှာပဲ ဒီရေ ကြောင့် မြစ်ရေလျှံ ကာ မြို့ရွာ အများ အပြား ရေ လွှမ်း ခဲ့ ကြတာ မှာ လူသေ ဆုံး မှု အထိ ဖြစ် ခဲ့ ကြရ ပါတယ်။

တောင်ကုတ် မြို့ခံ တွေ ရဲ့ အဆို အရ လူ ၄ ဦး သေဆုံး ခဲ့တယ် လို့ ဆိုပေမယ့် ဒေသခံ ရဲ ကတော့ ကမ်းခြေ ကျေးရွာ က မရတနာစိုး သေဆုံး ခဲ့တာကို ပဲ အတည်ပြု ပေး ပါတယ်။

မင်းပြား မြို့မှာ မြစ်ကမ်းပါး တွေ ပြိုကျ ခဲ့လို့ အိမ် ၃ လုံး ရေထဲ ပါသွားခဲ့ ပြီး သံတွဲ မြို့ အံတော် ရပ်ကွက် မှာ လည်း အိမ် ငါးလုံး ရေထဲ ပါသွား ခဲ့ပါတယ်။

အခုဆို သံတွဲ မှာ ရေဘေး ဒုက္ခသည် ၄၀ဝ ကျော် လောက် ရှိ နေပြီး ဘုန်းကြီး ကျောင်း၊ ဓမ္မာရုံ နဲ့ စာသင်ကျောင်း တွေ မှာ ယာယီ ဒုက္ခသည် စခန်းတွေ ဖွင့် ပေး ထားရ တယ် ဆိုပြီး သံတွဲ မြို့နယ် အုပ်ချုပ်ရေးမှူး က ဘီဘီစီ ကို ပြောပါတယ်။

ရေနစ် မြုပ်ခဲ့ တဲ့ အတွက် သိုလှောင် ထား တဲ့ ဆန်စပါး တွေ ပျက်စီး ခဲ့သလို မျိုးစပါး စိုက်ခင်း တွေ လည်း ပျက်စီး ခဲ့ရပြီး ကျေးလက် က လယ်သမား တွေ အထူး နစ်နာ ခဲ့ ရပါတယ်။

အမ်းမြို့ ရေကြီး တာမှာ လည်း အမ်း- မင်းဘူး လမ်း ကျိုးပျက်သွား တဲ့ အတွက် စစ်တွေ- ရန်ကုန် ကား အသွားအလာ တွေ ရပ်တန့် သွားခဲ့ ရတယ် လို့ ဆိုပါတယ်။

ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ တို့ မှာ လည်း ရေကြီး ခဲ့ပြီး မေယူမြစ် ကို ဆန်မတက် နိုင်တာ ကြောင့် စစ်တွေ နဲ့ ဘူးသီးတောင် အကြား ပြေးဆွဲ နေ တဲ့ သင်္ဘော ကို ရပ်နား ခဲ့ ရပါတယ်။

ဒီရေ ပြန်ကျ ချိန် မှာတော့ မြို့ရွာ တွေ ပေါ် ရေလွှမ်း နေတာ တွေ လည်း တဖြည်းဖြည်း ပြန် ကျ နေပြီ လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ