၀​တောင်​ပိုင်း အခြေအနေ တ​င်းမာဆဲ

  • 28 ဇွန် 2015
uwsa_wa_
Image caption သစ်တွေ ဖမ်းတာ ကနေ တင်းမာမှု တွေ စတင် လာတဲ့ စီးပွားရေး ကိစ္စ ဖြစ်တယ်လို့ သုံးသပ်နေ။

ဝ တောင်ပိုင်း ဒေသမှာ UWSA ဝ တပ် တွေ နဲ့ အစိုးရ စစ်တပ် ကြား တင်းမာ မှု တွေ လျှော့ချ နိုင်ဖို့ ဝ ဘက်က ခရိုင်မှုး အဆင့် ကိုယ်စားလှယ် တွေ နေပြည်တော် ကို လာပြီး ဆွေးနွေး ခဲ့ ကြ ပေမယ့် လက်တွေ့ မြေပြင် မှာ တော့ နှစ်ဘက် တပ်တွေ အင်အား တိုးမြှင့် ချထား ဆဲ ဖြစ် ပါတယ်။

နေပြည်တော် အစည်းအဝေး တုန်း ကတော့ အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ရဲ့ ဒုဥက္ကဌ ဦးသိန်းဇော် နဲ့ ဝ ကိုယ်စားလှယ် တွေ တွေ့ဆုံ ခဲ့ပြီး နှစ် ဘက် တပ်တွေ အကြား ခြေလွန်လက်လွန် တွေ ဖြစ်မလာ အောင် ထိန်းသိမ်း နိုင်ရေး ဆွေးနွေး ခဲ့တယ် ဆိုပြီး ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း က အမျိုးသား လွှတ်တော် အမတ် ဦး စိုင်းပေါင်းနပ် က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် တင်းမာမှု တွေ ဖြစ်နေတဲ့ နေရာ မှာတော့ နှစ် ဘက် ဆွေးနွေး တာမျိုး မရှိသေး ပဲ နှစ်ဘက် လုံးရဲ့ တပ် အင်အားတွေ အများအပြား ရှိနေ တယ် လို့လည်း ဦး စိုင်းပေါင်းနပ် က ဆိုပါတယ်။

သစ်တွေ ဖမ်းတာ ကနေ တင်းမာမှု တွေ စတင် လာတဲ့ စီးပွားရေး ကိစ္စ ဖြစ်လို့ နှစ်ဦးနှစ်ဘက် မနစ်နာ အောင် ညှိနှိုင်း ဆောင်ရွက် မယ်ဆိုရင်တော့ ပြေလည် သွားနိုင်တယ် ဆိုပြီး ဦး စိုင်းပေါင်းနပ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ