အနိမ့်ဆုံး လုပ်ခ သတ်မှတ်

  • 29 ဇွန် 2015
ဓာတ်ပုံ မူပိုင် AP
Image caption အများစုက ကန့်ကွက် ခဲ့ရင်တော့ တွေ့ဆုံ ဆွေးနွေး မှုတွေ ပြန်လုပ်မယ့် သဘော ရှိ

မြန်မာ နိုင်ငံမှာ ရှိတဲ့ အလုပ် သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခကို တစ်နာရီ ကျပ် ၄၅၀ နှုန်းနဲ့၊ ပုံမှန် အလုပ် ချိန် ၈ နာရီ အတွက် ၃၆၀၀ ကျပ် သတ်မှတ် လိုက်ပါ တယ်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ ကနေ အခုလို သတ်မှတ်ကြောင်း တနင်္လာ နေ့မှာ ထုတ်ပြန် ကြေညာ လိုက်တာပါ။ အကြံပြု လိုသူ တွေနဲ့ ကန့်ကွက် လိုသူတွေ အနေနဲ့ နှစ်ပတ် အတွင်း စာနဲ့ ရေးသား တင်ပြ နိုင်တယ် လို့လည်း ကြေညာ ချက်မှာ ဖော်ပြထား ပါတယ်။

ဒီသတ် မှတ်ချက်ဟာ အလုပ် သမား ၁၅ ဦး အောက်ရှိတဲ့ တနိုင်တပိုင် လုပ်ငန်း ငယ်တွေနဲ့ မိသားစု လုပ်ငန်းများမှ အပ မြန်မာ တစ်နိုင်ငံလုံး မှာ ရှိတဲ့ အလုပ် သမားတွေ အတွက် လုပ်ငန်း အမျိုး အစား နေရာ ဒေသ မခွဲ ခြားဘဲ သတ်မှတ် လိုက်တာပါ။

အများစုက အခု သတ်မှတ် ချက်ကို ကန့်ကွက် ခဲ့ရင်တော့ တွေ့ဆုံ ဆွေးနွေး မှုတွေ ပြန်လုပ် ရမယ့် သဘော ရှိတယ်လို့ အလုပ် သမား အလုပ် အကိုင် နဲ့ လူမှု ဖူလုံရေး ဝန်ကြီး ဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။

အနိမ့်ဆုံး လုပ်ခ အတွက် ကန့်ကွက်သူ မရှိ ဘူး ဆိုရင်တော့ ဒီသတ်မှတ်ချက် ဟာ၊ ထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အတွင်း မှာ အတည် ဖြစ်လာမှာ ဖြစ်ပါတယ်။

အခုလို အနိမ့် ဆုံးလုပ်ခ သတ်မှတ် နိုင်တာ ဟာ အခု အစိုးရလက် ထက်မှာ ဆောင်ရွက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အစိုးရ၊ အလုပ်ရှင် နဲ့ အလုပ် သမား ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ စုပေါင်းပြီး ၂ နှစ်ကျော် အချိန်ယူ ဆွေးနွေး ခဲ့ပြီး အခုလို ထုတ်ပြန် နိုင်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ