လှေ​စီး​ဒုက္ခ​သည်​တွေ စခန်း​ထဲ​က ထွက်ပြေး​နေ

  • 29 ဇွန် 2015
myanmar_transfer_150_migrants_boat_people ဓာတ်ပုံ မူပိုင် EPA
Image caption ဘင်္ဂလားဒေ့ရှ် ဘက်ကို ပြန် လွှဲ ပေး ခဲ့တာ ၁၈၇ ဦး ရှိ ပြီး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တော မြို့နယ် တောင်ပြို လှေစီး ဒုက္ခသည် စခန်း ထဲ ကနေ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ လူ ၅ ဦး ထပ် မံ ထွက် ပြေး သွား ပြန် တဲ့ အတွက် ထွက်ပြေးသူ အရေ အတွက် ဟာ အခုဆို ရင် ၁၀ ဦး ကျော် နေပြီ ဖြစ် ပါတယ်။

ဘင်္ဂလေားဒေ့ရှ် နိုင်ငံ ဘက် ကနေ ပြန်လည် လက်ခံ ယူဖို့ စိစစ် နေဆဲ လှေစီး ဒုက္ခသည် ၅၀၀ ကျော် ထဲ ကနေ အခု လို ထွက် ပြေး နေကြတာ ဖြစ် ပါတယ်။

စိစစ် နေတဲ့ အချိန် ဟာ ၁ လ ကျော် နေပြီ ဖြစ်ပြီး ဒုက္ခသည် တွေ အနေနဲ့ လှေပေါ် မှာ လည်း ၃ လ လောက် ကြာမြင့်ခဲ့ ပြီးသူ တွေ ဖြစ်တာ မို့ အိမ်ပြန် လိုစိတ် နဲ့ ထွက် ပြေး ကြတာ ဖြစ်နိုင် တယ်လို့ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွှင် က ဘီဘီစီ ကို ပြောပါတယ်။

ကယ်ဆယ်ရေး စခန်း ဖြစ်လို့ တင်းတင်းကြပ်ကြပ် စောင့်ကြပ် တာ မျိုး မလုပ် တဲ့ အတွက် အခုလို ထွက် ပြေး နိုင်တာ ဖြစ်တယ် လို့ လည်း ဦးခင်မောင်လွင် က ဆိုပါတယ်။

အခု လို ထွက် ပြေး မှု တွေ ရှိ နေတာ ကို ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင် တွေ ကို လည်း အကြောင်း ကြားထား တယ်လို့ လည်း ပြောပါတယ်။

ကပ္ပလီ ပြင် ထဲ မှာ လှေစီး ဒုက္ခသည် တွေ အရေး ဖြစ် ပေါ် လာခဲ့တဲ့ နောက် မြန်မာ နိုင်ငံ ရေပိုင် နက် ထဲ ကနေ ကယ်ဆယ် မှု ၂ ကြိမ် ပြုလုပ် ခဲ့တာ မှာ လူ အရေအတွက် အားဖြင့် ၉၀၀ ကျော် ကို ကယ်ဆယ် နိုင် ခဲ့ ပြီး တောင်ပြို စခန်း မှာ လက်ခံ ထားတာ ဖြစ် ပါတယ်။

ဒီ ထဲ ကမှ ဘင်္ဂလားဒေ့ရှ် ဘက်ကို ပြန် လွှဲ ပေး ခဲ့တာ ၁၈၇ ဦး ရှိ ပြီး မြန်မာ နိုင်ငံ ထဲ က ထွက်ခွာ ခဲ့ ကြတဲ့ ၁၉၅ ယောက် ကိုတော့ သူတို့ ရဲ့ ရပ်ရွာ တွေ ကို ပြန် လည် ပို့ ဆောင် ခဲ့ ပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် တောင်ပြို စခန်းထဲ မှာ ဒုက္ခသည် ၅၀၀ ကျော် ဆက်လက် ရှိနေဆဲ ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ