စစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်ချုပ်လွင်ဦး ဖယ်ရှား ခံရ

  • 30 ဇွန် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ကိုးကန့်စစ်ပွဲ အတွင်း တရုတ် ဘက်ကို မြန်မာ ဘက်ကဗုံး ကျလို့ လူသေဆုံးခဲ့

မြန်မာ့ တပ်မတော်က စစ်ဦးစီး အရာရှိချုပ်(လေ) ဗိုလ်ချုပ် လွင်ဦးကို ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို အတည်ပြု ပြောဆို ပါတယ်။

အကြောင်းပြချက်ကို မပြောပေမဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်ကို လွှဲထားတယ်လို့တော့ သူက ပြောပါတယ်။

ဒါဟာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ကိုးကန့် စစ်ပွဲတွေ အတွင်း မြန်မာ လေယာဉ်တွေက ပစ်ခဲ့တဲ့ ဗုံးတွေ တရုတ်နိုင်ငံဖက် ကျရောက်ပြီး တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့ရမှုနဲ့ ပတ်သက်တယ်လို့ ပြောဆို ဝေဖန်မှုတွေ ရှိနေပါတယ်။

တပ်မတော် အရာရှိဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိ လွှတ်တော်အမတ် တစ်ယောက်ဖြစ်တဲ့ ဦးလှဆွေကတော့ ဘာအကြောင်းပြချက်မှ မရှိဘဲ စစ်တပ် အရာရှိ ရာထူး တာဝန်ကနေ ဖယ်ရှားစရာ မရှိဘူးလို့ ပြောပါတယ်။

ဒီလို ဖယ်ရှားမှုကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆုံးအဖြတ်အရ လုပ်ဆောင်လေ့ရှိတယ်လို့လည်း ဦးလှဆွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ