ဖမ်းဆီးခံ မူးလဲလို့ ဆေးရုံကြီး ထပ်တင်ရ

  • 30 ဇွန် 2015
students myanmar ဓာတ်ပုံ မူပိုင် epa
Image caption လက်ပံတန်းမှာ အင်အားသုံး ဖြိုခွဲ ဖမ်းဆီးခံရ

သာယာဝတီ ထောင် မှာ ဖမ်းဆီး ခံထား ရတဲ့ ကျောင်းသားနဲ့ ပြည်သူ ၆၀ ကျော် ထဲက ကိုခင်လှိုင် ဆိုသူ အင်္ဂါနေ့ ရုံးထုတ် မှာ အော့အန် မူးလဲလို့ ရန်ကုန် ဆေးရုံကြီး ကို ထပ် တင် လိုက်ရပါတယ်။

လက်ပံတန်း က ကျောင်းသား သပိတ် မှာ ကျောင်းသား တွေ နဲ့အတူ ဝန်းရံ ပါဝင် ခဲ့တဲ့ ကိုခင်လှိုင် ဟာ အရင် ၂ ပတ် လောက် က ရုံးထုတ် မှာ သွေးအန် လို့ ရန်ကုန် ဆေးရုံကြီး တက်ပြီး ဆေးကုသ ခဲ့ရသလို အင်္ဂါနေ့ ရုံးထုတ် မှာ လည်း ပါးစပ် က အမြုပ်တွေ အော့အန်ပြီး မူးလဲ လို့ ရန်ကုန် ဆေးရုံကြီး ကို အရေးပေါ် ပို့လိုက် ရပါတယ်။

ကိုခင်လှိုင် လောက် မဆိုးပေမယ့် ဆေးကုသဖို့ လိုနေတဲ့ ကျောင်းသား ခေါင်းဆောင် မင်းသွေးသစ် အပါအဝင် ကျောင်းသား ၈ ယောက် လောက် ထောင်ထဲမှာ ရှိနေသေး တယ် လို့ လည်း သိရပါတယ်။

ထောင်တွင်း မှာ ဆေးကုသမှု လိုအပ်နေတဲ့ ကျောင်းသား တွေကို ဆေးကုသ ပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သာယာဝတီ ထောင် ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့ တာဝန်ခံ ဖြေကြား ပေးမယ့်သူ မရှိသေးဘူး လို့ပဲ ဖြေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်း ကလည်း ဖမ်းဆီးခံ ထားတဲ့ ဝန်းရံ ပြည်သူထဲက ကိုတင်ဝင်း အရေးပေါ် ဆေးရုံတင် ရပြီး လည်ပင်း ခွဲစိတ် ကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ