၃ နိုင်ငံ နယ်စပ် တာဝန်ခံတွေ မဲဆောက်လေ့လာ

  • 30 ဇွန် 2015
myawaddy
Image caption မဲဆောက်-မြ၀တီ နယ်စပ် ကုန်သွယ်ရေး အရေးပါ

AEC အာဆီယံ စီးပွားရေး အသိုက်အဝန်း ကျင့်သုံး တဲ့အခါ တွေ့နိုင်တဲ့ ပြဿနာ တွေ ပူးပေါင်း ဖြေရှင်း နိုင်အောင် ထိုင်း ၊မြန်မာနဲ့ ကမ္ဗောဒီးယား ၃ နိုင်ငံ နယ်စပ် ဆက်ဆံရေး ရုံး တာဝန် ရှိသူတွေ အင်္ဂါနေ့ က မဲဆောက် မှာ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ ပါတယ် ။

မူးယစ် ဆေးဝါး၊ လူကုန်ကူးမှုနဲ့ နယ်စပ် ဖြတ်ကျော် မှုခင်း တွေ နဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ကြ ဖို့ တွေ့ဆုံ ခဲ့ကြတာပါ။

မဲဆောက်-မြ၀တီ ရုံး တွေ ပူးပေါင်း ဆောင်ရွက်မှု အောင်မြင် တယ်၊ ဒါဟာ ထိုင်းနဲ့ တခြား အိမ်နီးချင်း နိုင်ငံတွေ အတွက် နမူနာကောင်း ဖြစ်တယ် လို့ ဆွေးနွေးပွဲ ဦးဆောင် တဲ့ ထိုင်း တပ်မတော် နယ်စပ် လုံခြုံရေး ဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ခမ်ရုမ် ခရေယာ ဝိချယာကျန် က ပြောပါတယ်။

အခု ထိုင်းနဲ့ ကမ္ဗောဒီးယား က ဒီက လုပ်ကိုင်ပုံတွေကို လေ့လာ လုပ်ဆောင်မယ်၊ ပြီးရင် ၃ နိုင်ငံ ကနေ အာဆီယံ နိုင်ငံ အားလုံး ပူးပေါင်း ဆောင်ရွက် နိုင်တဲ့အထိ ဖြစ်လာမယ် လို့လည်း သူက ဆိုပါတယ်။

ဒီဆွေးနွေးပွဲ မှာ မဲဆောက် မြို့ပိုင်ရုံး လုံခြုံရေး အရာရှိ ၊ မြ၀တီ ခရိုင်ရဲမှူးနဲ့ ကမ္ဗောဒီးယား က ဗန်တေမန်ကျေ ခရိုင် ဒုတိယ အုပ်ချုပ်ရေး မှူး တို့ ကိုယ်စားလှယ် အဖွဲ့ တွေ ဆွေးနွေး ခဲ့ကြပါတယ်။

အဲဒီနောက် ၃ နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေ နယ်စပ် ကုန်သွယ်ရေး၊ ခရီးသွား လုပ်ငန်း အခြေအနေ တွေကို မြဝတီ ရုံး မှာ သွားပြီး ဆွေး နွေးကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ