NLD ကော်မရှင်ကို တွေ့ခွင့်တောင်း

  • 1 ဇူလိုင် 2015
election myanmar
Image caption မဲစာရင်း အမှားအယွင်းတွေ ဆက်တွေ့ နေရ

လာမယ့် ရွေးကောက်ပွဲ အတွက် ထုတ်ပြန် ထားတဲ့ မဲဆန္ဒရှင် စာရင်း တွေ မှာ အမှား အယွင်း တွေ များနေတာ ကို တင်ပြဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို တွေ့ခွင့် တောင်းထား ပါတယ်။

ဇွန်လ ဆန်း က ကော်မရှင် ဥက္ကဋ္ဌနဲ့ NLD တို့ ဒီကိစ္စ အတွက် တကြိမ် တွေ့ဆုံ ခဲ့ပြီး ဖြစ်ပြီး အမှား အယွင်း တွေ ဆက်တွေ့ နေရတဲ့ အတွက် NLD က ထပ်တွေ့ခွင့် တောင်းတာ လို့ သိရပါတယ်။

အမှားနည်းတဲ့ မြို့နယ် တွေမှာ ၃ဝ ရာခိုင်နှုန်း ကနေ အမှား များတဲ့ နေရာမှာ ၈ဝ ရာခိုင်နှုန်း ထိ မှားနေတာ တွေ ရှိတယ် ၊ ဒီမဲစာရင်းတွေ ပြင်ဆင်ဖို့ အချိန် မမီတာ အပြင် မဲစာရင်း စစ်သူ တွေကို တချို့ မြို့နယ် တွေ မှာ တရားစွဲ မယ် လို့ ခြိမ်းခြောက် ခံရတဲ့ အထိ ဖြစ်တယ် လို့ NLD ဗဟို အလုပ် အမှုဆောင် ဦးဝင်းထိန်က ပြောပြ ပါတယ်။

မဲစာရင်း မှားယွင်းမှု ကြောင့် လွတ်လပ် ပေမယ့် မမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ စိုးရိမ်တယ် လို့ NLD က ပြောပါတယ်။

သန်းခေါင် စာရင်း ကို အခြေခံ ပြီး မဲစာရင်း ကောက်တာ မဟုတ်ဘဲ အိမ်ထောင်စု စာရင်း ကို အခြေခံပြီး မဲစာရင်း ပြုစု တာလား သေချာ မပြောနိုင်ဘူး ဖြစ်နေပါတယ်။

အရင် ရွေးကောက်ပွဲ တွေမှာ မဲပေးခွင့် ရသူတွေ ပြန်မရတာ တွေ ရှိနေပါတယ်။

အမှား ပြင်ဆင်တဲ့ ပုံစံတွေ လွယ်ကူစွာ မရတာ၊ အာဏာပိုင် တွေက ပူးပေါင်း ဖြေရှင်းတာ တွေ မလုပ်တာ တွေကို တွေ့ရကြောင်း NLD က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ