တပ်အမတ်တွေ တဆင့်ချင်းလျှော့ဖို့ ဒေါ်စုလိုလား

  • 1 ဇူလိုင် 2015
suu ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသား ရင်ကြားစေ့ ရေး ကို ဦးတည်ပြီး လျှော့မယ်ဆို

လွှတ်တော် ထဲမှာ ရှိတဲ့ စစ်သား ကိုယ်စားလှယ် ၂၅ ရာနှုန်း ကို ဖယ်ရှားရေး ဟာ အမျိုးသား ရင်ကြားစေ့ ရေး ကို ဦးတည် ပြီး တဆင့်ချင်း တဆင့်ချင်း လျှော့သွား မယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြော ပါတယ်။

NLD အနေနဲ့ ပြုပြင် ပြောင်းလဲရေး တွေ ဆောင်ရွက် ရာမှာ ပြည်သူတွေ အသက်သာဆုံး နည်းလမ်း ကို ရွေးမှာ ဖြစ်လို့ ဒီလို တဆင့်ချင်း ဆောင်ရွက်ဖို့ အစထဲက စီစဉ် ထားတာလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မကွေးတိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦး အောင်ကြည်ညွန့် က ပြော ပါတယ်။

စစ်သား ကိုယ်စားလှယ် တွေကို နှစ်အလိုက် ရာခိုင်နှုန်း အချိုးအစားနဲ့ လျှော့ချ သွားအောင် လုပ်နိုင်ဖို့ စောလွန်းတယ် လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ တဘက် ကလည်း ကမ်းထားတဲ့ လက်ကို ချိတ်ဆက်ဖို့ လိုတယ်လို့ ဦး အောင်ကြည်ညွန့် က ပြော ပါတယ်။

သမ္မတလောင်း၊ ဒုတိယ သမ္မတ လောင်း အရည်အချင်း မှာ စစ်ရေး အမြင် ရှိသူ အစား ကာကွယ်ရေး အမြင်ရှိသူ လို့ ပြောင်းလဲ သတ်မှတ် မယ့် အပေါ် ပြည်လုံးကျွတ် ဆန္ဒ ခံယူ ဖို့ နဲ့ အဲဒီ ဆန္ဒ ခံပွဲ ကို လွှတ်တော် ရွေးကောက်ပွဲ နဲ့ တပြိုင်တည်း လုပ်ဖို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း က ပြောခဲ့ပါတယ်။

ဒါဟာ တိုင်းပြည် ဘဏ္ဍာငွေ သက်သာအောင် စီစဉ်တာ လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ