ရုရှ မှာ မြန်မာဘုန်းကြီးကျောင်း ဖွင့်

  • 1 ဇူလိုင် 2015
moscow_monastery ဓာတ်ပုံ မူပိုင် sitagu star
Image caption သီတဂူ ဆရာတော် ကြွရောက် ဖွင့်လှစ်

ရုရှ နိုင်ငံ မော်စကို မြို့တော် မှာ ပထမဆုံး မြန်မာ ဘုန်းကြီးကျောင်း ဖွင့်ပွဲ ကို မော်စကိုမြို့ စွမ်းအင် တက္ကသိုလ် မှာ ဗုဒ္ဓဟူးနေ့ က ကျင်းပ ခဲ့ပါတယ်။

ဒီပွဲကို မြန်မာ နိုင်ငံ က သီတဂူ ဆရာတော် ဦးဉာဏိဿရ၊ တိပိဋက ဆရာတော် ဦး ဂန္မမာ နဲ့ အရှင် ဆေကိန္ဒ စတဲ့ ထင်ရှားတဲ့ ဆရာတော် တွေ တက်ကြ သလို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဇနီး နဲ့ မိသားစု တက်တယ် လို့ သိရပါတယ်။

မော်စကို နဲ့ ရုရှ နိုင်ငံ မှာ သင်ကြား နေတဲ့ မြန်မာ ပြည် က တပ်မတော် အရာရှိ ငယ်တွေ အပါအဝင် ကျောင်းသားတွေ လည်း ဒီအခမ်းအနား တက်ကြ ပါတယ်။

ရုရှ မှာ ပညာသင်ရင်း မှတ်တိုင် အဖြစ် ကျန်အောင် ကြိုးစားကြဖို့ ဒီကျောင်းသားတွေကို တိုက်တွန်းရာက ဒီကျောင်း တည်ထောင်ဖို့ ဖြစ်လာတာလို့ သီတဂူ ဆရာတော် က မိန့်ကြား ပါတယ်။

ကျောင်းသား တွေ ပညာသင်ကြေး ထဲက စုငွေ ဒေါ်လာ ၃ သောင်း၊ သီတဂူ ဆရာတော် မတည်ငွေ ဒေါ်လာ တသိန်းနဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကြည်းရေလေ တပ်မတော်သား များ ရန်ပုံငွေ ထဲက ဒေါ်လာ ၂ သိန်း နဲ့ ဒီကျောင်း ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ