တိုင်းရင်းသားတွေ ပြင်လိုတဲ့ အချက်တွေ စတင်ဆွေးနွေး

  • 3 ဇူလိုင် 2015
Peace talks between government and ethnics ဓာတ်ပုံ မူပိုင် U Nyo Ohn Myint
Image caption တိုင်းရင်းသားအဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့နဲ့ အစိုးရ ချင်းမိုင်မှာ ဆွေးနွေး

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ပါ အချက်တွေကို ပြန်လည် ပြင်ဆင်ဖို့ တိုင်းရင်းသားတွေ ဘက်က ပဒိုနော်စီဖိုးရာစိန် ဦးဆောင်တဲ့ အဖွဲ့နဲ့ အစိုးရ ဘက်က ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့တို့ ချင်းမိုင်မြို့မှာ ဇူလိုင်လ ၃ ရက်နေ့ သောကြာနေ့က စတင် ဆွေးနွေးနေကြပါတယ်။

အပစ်အခတ်ရပ် စာချုပ်ထဲမှာ တိုင်းရင်းသား တပ်တွေကို ပြည်နယ်အစိုးရ ကာကွယ်ရေးတပ် အဖြစ်ထားရှိဖို့ အပါအဝင် အချက် ၁၂ ချက်ကို တိုင်းရင်းသားတွေ ဘက်က ပြင်ဆင်ချင်နေတာ ဖြစ်ပါတယ်။

ဦးအောင်မင်းကတော့ တိုင်းရင်းသားဘက်က ပြင်ဆင်ချင်တာ ရှိသလို အစိုးရဘက်ကလည်း ပြန်ပြင်လိုတာ ရှိလာရင် အချိန်တွေပိုပြီးကြာမယ်လို့ ပြောပါတယ်။

အခုသဘောတူထားတဲ့အချက်တွေကို လက်မှတ် မထိုးနိုင်ဘူးဆိုရင် နောင်အစိုးရအသစ်မှာမှ ဆက်လက်ဆွေးနွေးရမယ်။ အဲ့ဒီအခါ အကြောင်းအရာသစ် တွေကို လူသစ်တွေနဲ့ ဆွေးနွေးရ မယ်ဆိုရင် အချိန်တွေ ပိုကြာနိုင်တယ်လို့ သူက ပြောပါတယ်။

လက်ရှိ သဘောတူထားတဲ့အချက် အပေါ်မှာပဲ နောက်လ အတွင်း စာချုပ်ချုပ်နိုင်ဖို့ အစိုးရ ဘက်ကလိုလားကြောင်းလည်း ဦးအောင်မင်းက အတိအလင်းပြောခဲ့ ပါတယ်။

တိုင်းရင်းသားတွေ ဘက်က အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ လိုလားပေမဲ့ လိုအပ်နေတဲ့ အချက်အလက်တွေကို အပြု သဘောဆွေးနွေးအဖြေရှာ နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တိုင်းရင်းသားဘက်က ဦးဆောင် ဆွေးနွေးသူ နော်စီဖိုးရာစိန်က ပြောပါတယ်။

တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို စာချုပ်မှာ ထပ်မဖြည့်တော့ဘဲ နောက်ပိုင်း ဆက်လက်ဆွေးနွေးဖို့ ကတိကဝတ် စာမှာ မှတ်တမ်းတင်ထားဖို့ အစိုးရဘက်က အဆိုပြုထား ပါတယ်။

အစိုးရငြိမ်းချမ်းရေး အဖွဲ့က ပြောခွင့်ရှိသူ ဦးလှမောင်ရွှေ ကတော့ ဒါက နှစ်ဘက် ဆွေးနွေးမှုတွေ အပေါ် မူတည်ကြောင်းနဲ့ နောက်နေ့ ဆက်ဆွေးနွေးရမယ်လို့ ပြောပါတယ်။

တိုင်းရင်းသားတွေ ဘက်ကလည်း အချင်ချင်း ဆွေးနွေးပြီး စနေနေ့ ညနေမှာ အစိုးရဘက်နဲ့ ဆက်လက်ဆွေးနွေးဖို့ရှိပါတယ်။

အခုဆွေးနွေးပွဲက အလွတ်သဘောလို့ ဆိုပေမဲ့ တိုင်းရင်းသားတွေ ဘက်က တောင်းဆိုတဲ့ အတွက် ကြိုတင်ညှိနှိုင်းပွဲအဖြစ် သတ်မှတ်လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ