ချင်းမိုင် အစည်းအဝေး ပြီးဆုံး

  • 4 ဇူလိုင် 2015
_peacetalks ဓာတ်ပုံ မူပိုင် U Nyo Ohn Myint
Image caption တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နဲ့ ဆက်ဆွေးနွေးလို

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ပါ အချက် တွေကို ပြန်လည် ပြင်ဆင် ဖို့ တိုင်းရင်းသား လောခီးလာ ညီလာခံ က ဆုံးဖြတ် ခဲ့ပြီးနောက် ပထမဆုံး အကြိမ် တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့နဲ့ အစိုးရ တို့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ မှာ ၂ ရက်ကြာ ဆွေးနွေး ခဲ့ကြပါတယ်။

အစိုးရ ဘက်က ဝန်ကြီး ဦးအောင်မင်း ဦးဆောင် ဆွေးနွေး ခဲ့ပြီး တိုင်းရင်းသား တွေ ဘက်က အဆင့်မြှင့် ညှိနှိုင်းရေး အဖွဲ့ က ဦးဆောင် ပါတယ်။

လော်ခီးလား ဆွေးနွေးပွဲ ပြီးနောက် နှစ်ဘက်ကြား မကျေလည်မှု တွေ ရှိခဲ့တဲ့ အပေါ် အခု ဆွေးနွေးပွဲ အပြီးမှာ တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ ဘက်က ပျော့လွယ် ပြောင်းလွယ် လက်ခံ စဉ်းစား ပေးကြတဲ့ အတွက် ရှေ့ဆက် ဆွေးနွေး နိုင်ကြ လိမ့်မယ် လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ က အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ပြောပါတယ်။

အပစ် ရပ်စဲရေး မှာ လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါမှ လက်မှတ် ထိုးမယ်လို့ ဆုပ်ကိုင် မထားဘဲ စေ့စပ် ညှိနှိုင်း သွားမယ် လို့ တိုင်းရင်းသား တွေ ဘက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပချိန်မှာ အပစ် ရပ်စဲရေး အပေါ် အာရုံမထား နိုင်တာ ဖြစ်မှာ စိုးလို့ အပစ် ရပ်စဲရေး အမြန် အပြီးသတ် နိုင်ဖို့ အစိုးရ ဘက်က လိုလား သလို တိုင်းရင်းသား တွေ ဘက်ကလည်း လိုလားကြောင်း ပြောဆိုကြ တယ် လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ