မြန်မာကျေးလက်ဖွံ့ဖြိုးရေး ကမ္ဘာ့ဘဏ် အကူအညီပေး

  • 4 ဇူလိုင် 2015
world_bank_myanmar_ ဓာတ်ပုံ မူပိုင် world bank myanmar
Image caption ဒေသ ခံ တွေ ကိုယ်တိုင် ကိုယ့် ရပ်ရွာ အလိုက် ပညာရေး၊ လမ်းတံတား၊ သောက်သုံးရေ စတဲ့ ဒေသ အလိုက် လိုအပ် ချက် တွေ ကို ကိုယ်တိုယ် ဖော်ထုတ် သတ်မှတ် ပြီး ကော်မတီ တွေ ဖွဲ့စည်း ကာ ငွေကြေး တွေ ကို ကိုင်တွယ် အသုံး ပြု ရမှာ ဖြစ်တယ်။

မြန်မာ နိုင်ငံ ရဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း တွေ ဆောင်ရွက် ဖို့ ဆိုပြီး ကမ္ဘာ့ ဘဏ် ကနေ ဒေါ်လာ သန်း ၄၀၀ ပေးမယ် လို့ အခု ရက် ပိုင်း ကပဲ အတည်ပြု လိုက် ပါတယ်။

မြန်မာ နိုင်ငံ တနံတလျား က မြို့နယ် ပေါင်း ၆၂ မြို့နယ် မှာ ရှိတဲ့ လူဦးရေ ၇ သန်း အတွက် မရှိ မဖြစ် လို အပ် တဲ့ အခြေ ခံ အဆောက်အဦ တွေ နဲ့ လူမှုရေး ဝန်ဆောင် မှု တွေ ဖြည်းစည်း ပေးဖို့ ဖြစ်တယ် လို့ ကမ္ဘာ့ဘဏ် က ထုတ်ပြန် ပါတယ်။

ဒီ စီမံကိန်း အရ ငွေ ကြေး ရံပုံငွေ ရရှိ ကြမယ့် မြို့နယ် ကျေးရွာ အုပ်စု အသီးသီး က ဒေသ ခံ တွေ ကိုယ်တိုင် ကိုယ့် ရပ်ရွာ အလိုက် ပညာရေး၊ လမ်းတံတား၊ သောက်သုံးရေ စတဲ့ ဒေသ လိုအပ် ချက် တွေ ကို ကိုယ်တိုယ် ဖော်ထုတ် သတ်မှတ် ပြီး ကော်မတီ တွေ ဖွဲ့စည်း ကာ ငွေကြေး တွေ ကို ကိုင်တွယ် အသုံး ပြု ရမှာ ဖြစ်တယ် လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ဆက်သွယ် ရေး တာဝန်ခံ ကို ကျော်စိုးလင်း က ပြောပါတယ်။

ဒီ ထောက်ပံ့ ငွေ တွေ ဟာ မွေးမြူရေး၊ ရေလုပ်ငန်း နဲ့ ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန က တဆင့် အောက်ခြေ ကျေးရွာ တွေ ဆီ ရောက် လာ မှာ ဖြစ် ပါတယ်။

စီမံကိန်း တွေ မှာ ပွင့်လင်း မြင်သာ မှု ရှိဖို့၊ ထိရောက် မှု ရှိဖို့ နဲ့ ဒေသ ခံ တွေ အနေနဲ့ စီမံကိန်း နဲ့ ပတ်သက်ပြီး မကျေနပ် မှု တွေ ရှိ ရင် အဆင့်ဆင့် တိုင်ကြား နိုင် ဖို့ လမ်းညွှန် မှု တွေ ကို ကမ္ဘာ့ ဘဏ် က ချမှတ် ထား တယ် လို့ ဆို ပါတယ်။

မြန်မာပြည် မှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှု တွေ စတင် လုပ်ဆောင် လာ ခဲ့တဲ့ နောက် ပိုင်း ကမ္ဘာ့ ဘဏ် ဟာ ၂၀၁၂ မှာ မြန်မာ အစိုးရ နဲ့ ဆက်ဆံ မှု ပြန်လည် စတင် ခဲ့ ပြီး အခုလို လူမှု ဘဝ ဖွံ့ဖြိုးရေး စီမံချက် တွေ လုပ်ဆောင် လာတာ ပါ။

ကမ္ဘာ့ဘဏ် ရဲ့ အကူအညီ နဲ့ လုပ်ဆောင် ခဲ့ တဲ့ ဖွံဖြိုးရေး စီမံ ကိန်း တွေ မြန်မာ နိုင်ငံ မှာ အောင် မြင် တဲ့ အတွက် တိုးချဲ့ လုပ်ဆောင် တာ ဖြစ်တယ် လို့ ကမ္ဘာ့ ဘဏ် က ပြောနေ ပါတယ်။

ဒါပေမယ့် အခုလို နိုင်ငံတကာ အဖွဲ့အစည်း တွေ ကနေ ဝင်ရောက် လာတဲ့ ဘဏ္ဍာရေး ဆိုင်ရာ အကူ အညီ တွေ ကို လက်တွေ့ အကောင် အထည် ဖော် တဲ့ နေရာ မှာ မျှော်လင့် သလောက် အောင် မြင် မှု တွေ ရဖို့ အခက် အခဲ တွေ ရှိ တယ် ဆိုပြီး ပြည်တွင်း မှာ လူမှု ဖွံ့ဖြိုးရေး တွေ လက်တွေ့ ဆောင် ရွက် ကြတဲ့ NGO အဖွဲ့ တွေ က တော့ ပြောလေ့ ရှိပါတယ်။

အမေရိကန် ဒဲန်ဗာ မြို့ အခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့ နဲ့ လက်တွဲ ဆောင် ရွက် ခဲ့ ဖူးတဲ့ ဦးလှထွန်း ကတော့ သူ့ အတွေ့အကြုံ အရ အောက် ခြေ အဆင့် တွေ မှာ စီမံ ကိန်း တွေ ကို ထိရောက် အောင် လုပ်ဆောင် နိုင်တဲ့ အရည်အသွေး ပြည့်မှီ သူ တွေ ရရှိ ဖို့ အခက် အခဲ ရှိ တဲ့ အပြင် နိုင်ငံတကာ ထောက်ပံ့ ငွေ တွေ ကို လေလွင့် မှု မရှိ အကျိုးရှိ အောင် အသုံး ပြု နိုင်တဲ့ စည်းစံနစ် မျိုး လည်း မြန်မာ နိုင် ငံ မှာ ရှိ မနေဘူး လို့ သုံးသပ် ပြောဆိုပါတယ်။

ကမ္ဘာ့ ဘဏ် ရဲ့ စီမံကိန်း အစီအစဉ် တွေက ၂၀၁၅ ကနေ ၂၀၁၇ အတွင်း ၃ နှစ် စီမံကိန်း ဖြစ် ပါတယ်။ ဒီ ၃ နှစ် အတွင်း ရရှိလာမယ့် ဒေါ်လာ သန်း ရာပေါင်း များစွာသော ဘဏ္ဍာရေး အကူအညီ တွေ ကို ပေးကားပေး၏ မရ မဖြစ်ရလေအောင် မြန်မာ အစိုးရ အာဏာ ပိုင်အ ဆင့်ဆင့် အနေနဲ့ ဘယ်လောက် အကျိုး ရှိရှိ အသုံးချ နိုင်မလဲ ဆိုတာ မေးခွန်း ထုတ် စရာ ဖြစ် နေ ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ