ကိုရီးယားမှာ ဆဲဗင်း ဇူလိုင်ဆန္ဒပြ

  • 5 ဇူလိုင် 2015
  student myanmar
Image caption ကျောင်းသား ဆန္ဒပြမှုတွေ ဖြိုခွဲ ခံခဲ့ရ

(၅၃) နှစ်မြောက် ဆဲဗင်း ဇူလိုင် နှစ်ပတ်လည် နေ့ အောက်မေ့ဖွယ် ဆန္ဒပြပွဲ ကို NLD လွတ်မြောက် နယ်မြေ ကိုရီးယား ဌာနခွဲ က ဆိုးလ် မြို့ မြန်မာ သံရုံး ရှေ့မှာ ဇွန်လ ၅ ရက် က ကျင်းပ ခဲ့ပါတယ်။

ပညာရေး လှုပ်ရှားမှု ကြောင့် ဖမ်းဆီးခံနေရတဲ့ ကျောင်းသား နဲ့ ဝန်းရံသူ တွေကို ပြန်လွှတ်ပေးဖို့၊ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ မှာ သဘောတူ ခဲ့ပြီး ဖြစ်တဲ့ ကျောင်းသား တွေရဲ့ တောင်းဆိုချက် ၁၁ ချက် ကို အကောင် အထည် ဖော်ပေး ဖို့ ဒီ ဆန္ဒပြပွဲ ကျင်းပ ခဲ့တယ် လို့ NLD (LA) ကိုရီးယား ဌာနခွဲ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း က ပြောပါတယ် ။

မြန်မာ နိုင်ငံ တွင်းက ကျောင်းသား လှုပ်ရှားမှု တွေ ဟာ အရင် မျိုးဆက် တွေလို ပဲ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နိုင်ဖို့ အားထုတ် နေကြတာ တွေ့ရပြီး ဒီအခြေအနေ က ရုန်းမထွက် နိုင်ရင် စနစ်ဆိုး တွေ ထဲမှာ ပိတ်မိ နေကြမယ် လို့ ဆိုပါတယ် ။

၁၉၆၂ က ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံ မိုင်းခွဲ ဖျက်ဆီး ခံရပြီးနောက် မြန်မာ နိုင်ငံ မှာ ခုချိန်ထိ ကျောင်းသား သမဂ္ဂ တွေ တရားဝင် ရပ်တည်ခွင့် မရသေးတာ ဖြစ်ပါတယ်။

ဒီအတွက် မကြာခင် လပိုင်းတွေက ပညာရေး ဥပဒေ ပြုပြင်ဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ အကြမ်းဖက် ဖြိုခွဲ ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ