ပြော​ခဲ့​တဲ့​လ​စာ​အတိုင်း အထည်​ချုပ်စက်​ရုံ​တွေ မ​ပေး​လို​

_garment_strike_myanmar
Image caption အထည်ချုပ် စက်ရုံ ၉၀ ကျော် ၁၀၀ ဝန်းကျင် သာ တကယ်တမ်း ပိတ် ပြီး ထွက်သွား မယ် ဆိုရင် တော့ အလုပ်သမား ၂ သိန်း ကျော် အလုပ် လက်မဲ့ ဖြစ်ရ နိုင်။

နိုင်ငံခြားသား အထည်ချုပ် စက်ရုံတွေ ဟာ မြန်မာ နိုင်ငံ ထဲ ဝင်လာပြီး ရင်းနှီး မြှုပ်နှံ မှု ကော်မရှင် မှာ အလုပ်လုပ် ခွင့် လျှောက် ထား ကြတုန်း က သူတို့ ပေးမယ် ဆိုပြီး ဖော်ပြခဲ့ တဲ့ အလုပ်သမား လစာ နှုန်းထား အတိုင်း အခု ပြည့်မှီ အောင် မပေးလို ဖြစ် နေကြတယ် လို့ အလုပ် သမား အ လုပ် အကိုင် နဲ့ လူမှု ဖူလုံရေး ဝန်ကြီး ဌာန ရဲ့ ထိပ်တန်း အရာ ရှိ တစ်ဦး က ပြောပါတယ်။

အထည်ချုပ် လုပ်ငန်းရှင် တွေ ဟာ အလုပ်သမား လစာ ဒေါ်လာ ၉၀ ကနေ ၁၂၀ ထိ ပေးမယ် လို့ ပြောထား ခဲ့တယ် ဆိုပြီး အလုပ် သမား အ လုပ် အကိုင် နဲ့ လူမှု ဖူလုံရေး ဝန်ကြီး ဌာန ရဲ့ အမြဲ တန်းအတွင်းဝန် ဦး မျိုးအောင် က ဘီဘီစီ ကို ပြောပါတယ်။

ဦး မျိုးအောင် ဟာ အနည်းဆုံး အခ ကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာ အမျိုးသား ကော်မတီ ရဲ့ အတွင်း ရေးမှုး လည်း ဖြစ်ပါတယ်။

အဲဒီ့ ကော်မတီ က သတ်မှတ် လိုက်တဲ့ တစ်ရက် အနည်းဆုံး ၃၆၀၀ ကျပ် ဆိုတဲ့ နှုန်း ဟာ အထည်ချုပ် စက်ရုံ တွေ မြန်မာ ပြည် ထဲ ဝင် လာတုန်း က ပေးမယ် ဆိုပြီး ဖော် ပြခဲ့တဲ့ ဒေါ်လာ ၉၀ ကနေ ၁၂၀ ဆိုတာ နဲ့ တန်ဖိုး အားဖြင့် မတိမ်းမယိမ်း ဝန်းကျင် ရှိပါတယ်။

ဒါပေမယ့် အခုတော့ တစ်ရက် အနည်းဆုံး ၃၆၀၀ ကျပ် ဆိုတဲ့ ပမာဏ ကို မပေး နိုင် လို့ စက်ရုံ တွေ ပိတ်ပစ် မယ် ဆိုပြီး ကိုရီးယား နဲ့ အထည်ချုပ် စက်ရုံ ၉၀ လောက် က ရန်ကုန် မြို့ ကုန်သည် စက်မှု အသင်းချုပ် မှာ ပြီးခဲ့တဲ့ ရက်ပိုင်း က ကျင်းပ ခဲ့တဲ့ အထည်ချုပ် လုပ်ငန်းရှင် အသင်း အစည်းအဝေး မှာ ပြောလာ ကြ ပါတယ်။

အထည်ချုပ် စက်ရုံ တွေ ဟာ ကော်မတီ ဆီ ကို တရားဝင် ကန့်ကွက် စာ တော့ မပို့ ကြ သေးဘူး လို့ ဦးမျိုးအောင် က ဆိုပါတယ်။

အနည်းဆုံး အခ ကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာ အမျိုးသား ကော်မတီ က သူတို့ သတ်မှတ် နှုန်းထား တစ်ရက် ၃၆၀၀ ကျပ် ကို မကျေနပ် ရင် ကန့်ကွက် ဖို့ သီတင်း နှစ်ပတ် အချိန် ပေးထားတာ နောက် လာမယ့် တနင်္ဂနွေ မှာ ရက်စေ့ မှာ ဖြစ် ပါတယ်။

တရားဝင် ကန့်ကွက် မှု တွေ ရှိလာခဲ့ ရင် တင်ပြ လာတဲ့ အကြောင်း ပြ ချက် တွေ အပေါ် စဉ်းစား သုံးသပ် ပေး မှာ ဖြစ် ပြီး လိုအပ် သလို အလုပ်ရှင်၊ အလုပ်သမား နဲ့ အစိုးရ ၃ ပွင့်ဆိုင် ညှိနှိုင်း မှု တွေ လုပ်ဆောင် ပေး မှာ ဖြစ်တယ် လို့ ဦးမျိုး အောင် က ပြောပါတယ်။

အထည်ချုပ် စက်ရုံ တွေ အနေနဲ့ သူတို့ ဖောက်သည် ဝယ်လက် တွေ နဲ့ အကြား အထည်တွေ သွင်းဖို့ စာချုပ် တွေ ရှိနှင့် ပြီး ဖြစ် လို့ တကယ်တမ်း စက်ရုံ ပိတ် ထွက် သွား ကြ လိမ့် မယ် လို့ မယူ ဆ ကြောင်း လည်း ဦးမျိုး အောင် က သုံး သပ် ပါတယ်။

အထည်ချုပ် စက်ရုံ ၉၀ ကျော် ၁၀၀ ဝန်းကျင် သာ တကယ်တမ်း ပိတ် ပြီး ထွက်သွား မယ် ဆိုရင် တော့ အလုပ်သမား ၂ သိန်း ကျော် အလုပ် လက်မဲ့ ဖြစ်ရ နိုင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ