ဒဂုံစီးတီးစီမံကိန်း တရားဝင် ဖျက်သိမ်းရေး တောင်းဆို

  • 6 ဇူလိုင် 2015
Image caption အရင်လကလည်း ရွှေတိဂုံ ဘုရား စောင့်ရှောက် ရေး အတွက် သံဃာတော်တွေ ဆွေးနွေး

ရွှေတိဂုံ ဘုရား အနီး ဒဂုံ စီးတီးဝမ်း အိမ်ယာ စီမံကိန်းကို သမ္မတ အနေနဲ့ တရားဝင် ဖျက်သိမ်း မပေးဘူး ဆိုရင် တနိုင်ငံလုံး ဆန္ဒပြပွဲ တွေ လုပ်သွား မယ်လို့ ရွှေတိဂုံ ကာကွယ်ရေး အဖွဲ့က တနင်္လာနေ့မှာ ဆုံးဖြတ်လိုက် ပါတယ်။

ရဟန်း သံဃာတွေ၊ ဥပဒေ ပညာရှင် တွေနဲ့ ဆောက်လုပ်ရေး ပညာရှင်တွေ ပါဝင် ကြတဲ့ ဒီ ရွှေတိဂုံ ကာကွယ်ရေး အဖွဲ့ကနေ စုစုပေါင်း ဆုံးဖြတ်ချက် ၅ ခု ချမှတ် ခဲ့တာ လည်း ဖြစ်တယ်လို့ အဖွဲ့ရဲ့ ဥပဒေပိုင်း ဆိုင်ရာ တာဝန်ခံ တရား လွှတ်တော် ရှေ့နေကြီး ဦးကျော်ကျော် က ဘီဘီစီ ပြောပါတယ်။

ဆန္ဒပြလို့မှ မရရင် သံဃာ အားလုံးက အစိုးရကို ပတ္တ နိကုဇ္ဇန ကံဆောင်မှာ ဖြစ်သလို စီမံကိန်း အတွက် တာဝန်ရှိ တဲ့ ကာကွယ်ရေး ဦးစီးချုပ် ကိုလည်း ဥပဒေ ကြောင်း အရ သတိပေး တာတွေ လုပ်သွား မယ်လို့ ပြောကြ ပါတယ်။

စီမံကိန်း ဖျက်လိုက်ရင် ရင်းနှီး မြှုပ်နှံ ထားတဲ့ ကုမ္ပဏီ တွေရဲ့ နစ်နာမှု အတွက် ကတော့ ရွှေတိဂုံ ကာကွယ်ရေး အဖွဲ့ နဲ့ မသက်ဆိုင် ဘူးလို့ ရှေ့နေ ဦးကျော်ကျော်က ပြောပါတယ်။

ဒီ စီမံကိန်းကို ၂၀၁၂ ခုနှစ်မှာ စတင် ကတည်း ကိုက ပွင့်လင်း မြင်သာမှု မရှိဘဲ လုပ်ခဲ့တာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ