ဖွဲ့စည်းပုံပြင်ရေး ရွေးကောက်ပွဲအရေးတို့အတွက် ဒေါ်စုနဲ့ ၈၈မျိုးဆက်တွေ့ဆုံ

  • 6 ဇူလိုင် 2015
88generation_ ဓာတ်ပုံ မူပိုင် AP
Image caption ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) အမည်နာမ နဲ့ နိုင်ငံရေး ပါတီ ထူထောင် မှာ မဟုတ်။

ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ပြင်ဆင် ရေး နဲ့ လာမယ့် ၂၀၁၅ ရွေးကောက် ပွဲ အရေး တို့နဲ့ ပတ်သက် ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည် နဲ့ မင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ တွေ့ဆုံ ခဲ့ ကြပါတယ်။

ဆွေး နွေး ခဲ့တဲ့ အသေးစိတ် အချက် အလက် တွေ ကို နှစ်ဘက် စလုံး က မထုတ်ပြန် ပေမယ့် အဲဒီ့ တွေ့ဆုံ မှု ဟာ အရေးပါ တဲ့ တွေ့ဆုံ မှု ဖြစ်တယ် လို့ ၈၈ မျိုးဆက် က ကိုဂျင်မီ က ဘီဘီစီ ကို ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင် နိုင်ရေး နဲ့ ပတ်သက်ပြီး လွှတ်တော် တွင်း ဒီမို ကရက်တစ် အင်အားစု တွေ ပိုမို အားကောင်း ဖို့ လိုအပ်တာ ကြောင့် ၂၀၁၅ ရွေးကောက်ပွဲ အပေါ် အထူး အာရုံစိုက် ဖို့ လိုအပ် ကြောင်း ကို ယေဘုယျ အားဖြင့် သဘောတူ တယ် လို့လည်း ကိုဂျင်မီ က ဆို ပါတယ်။

လွှတ်တော် တွင်း ဖွဲ့စည်းပုံ ပြင်ဆင် နိုင် ဖို့ အခွင့် အလမ်း ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရဲ့ သဘော ဆန္ဒ ပေါ် မှာ တည်မှီ နေတဲ့ အခြေ အနေ မျိုး ဖြစ် နေတာ ကြောင့် ပြည်သူ လူထု ရဲ့ သဘော ဆန္ဒ ကို ဖြည့်စည်း ပေး မယ့် ဦးစီးချုပ် တစ်ယောက် လိုအပ် နေပြီ ဆိုတာ ကို အချိန်တိုင်း ပြသ သွားရ မယ် လို့လည်း ကိုဂျင်မီ က ပြောပါတယ်။

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) အမည်နာမ နဲ့ နိုင်ငံရေး ပါတီ ထူထောင် မှာ မဟုတ်ပဲ NLD အပါအဝင် ဒီမိုကရက်တစ် အင်အားစု တွေ အားလုံး ရွေးကောက်ပွဲ မှာ အောင်နိုင်ရေး ကို ဝိုင်းဝန်း သွားမှာ ဖြစ်တယ် လို့ ကိုဂျင်မီ က ထပ်လောင်း ပြောပါတယ်။

ဒါပေမယ့် ၈၈ မျိုးဆက် ထဲ က ခေါင်းဆောင် တချို့ ကတော့ လွှတ်တော် နိုင်ငံရေး ထဲ မှာ ပါဝင် နိုင်ဖို့ ရွေး ကောက်ပွဲ ဝင် လာ ကြ လိမ့် မယ် လို့ လည်း ကိုဂျင်မီ က ဆိုပါတယ်။

NLD အနေနဲ့ ကလည်း ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး နဲ့ ပတ်သက်ပြီးရှင်းလင်း တဲ့ ကြေညာချက် ထုတ်ပြန် လာပြီ ဆိုရင် တော့ ရွေးကောက်ပွဲအရေး မှာ NLD နဲ့ ၈၈ မျိုးဆက် ဘယ်လို ပူးပေါင်း ဆောင်ရွက် မယ် ဆိုတာ တွေ ကို ထုတ်ဖော် ပြောမယ်လို့ ကိုဂျင်မီ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ