၇ ဇူလိုင် နေ့မှာ ကျောင်းသားတချို့ ဖမ်းဆီးခံရ

  • 7 ဇူလိုင် 2015
Students mark 53th 7 July anniversary
Image caption ဆဲဗင်းဇူလိုင် နှစ်ပါတ်လည်နေ့မှာ ဘွဲ့နှင်း သဘင်ရှေ့ အထိ ကျောင်းသားတွေ ချီတက်ခဲ့

တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦ ဖြိုခွဲ ခံခဲ့ရတဲ့ ၅၃ နှစ်မြောက် နှစ်ပါတ်လည် အခမ်းအနား တွေကို ရန်ကုန်နဲ့ မြန်မာနိုင်ငံ အနှံ့က မြို့ အတော်များများမှာ ဇူလိုင်လ ၇ ရက် နေ့က ကျင်းပခဲ့ကြ ပါတယ်။

ရန်ကုန် တက္ကသိုလ် သမဂ္ဂ အဆောက်အဦဟောင်းရဲ့ လမ်းဝမှာ တက္ကသိုလ်ကျောင်းသား သမဂ္ဂ တကသ ကျောင်းသားတွေ ဦးဆောင် ကျင်းပခဲ့ကြတဲ့ အခမ်းအနားကို ကျောင်သား ၃၀ လောက်တက်ရောက်ခဲ့ ပါတယ်။

ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင် အပါအဝင် ကျောင်းသား ခေါင်းဆောင်တွေက မိန့်ခွန်းတွေ ပြောခဲ့ကြပြီးနောက် ဆဲဗင်း ဇူလိုင် အတွင်း ကျဆုံး သွားခဲ့ကြတဲ့ ကျောင်းသား ရဲဘော်တွေ အတွက် လွမ်းသူ ပန်းခွေ ချခဲ့ကြပါတယ်။

အဲဒီနောက် အဓိပတိ လမ်းမအတိုင်း ဘွဲ့နှင်းသဘင် ခမ်းမကို ချီတက်ရာမှာ ဝတ်စုံပြည့် ဝတ်ထားတဲ့ ရဲတွေက ဟန့်တား ပိတ်ဆို့ခဲ့ ပေမဲ့ နောက်ပိုင်းမှာ လိုက်လျောပြီး သွားခွင့် ပေးခဲ့ပါတယ်။

ဒါပေမဲ့ အခမ်းအနားမှာ တက်ရောက် မိန်းခွန်းစကားပြောကြားခဲ့တဲ့ ကိုဇေယျာလွှင်၊ ကိုပိုင်ဖြိုးမင်းနဲ့ ကိုစိုးထက်ပိုင်တို့ သုံးယောက်ကို အခမ်းအနားက ပြန်အထွက်မှာပဲ အဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်လို့ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် တွေက ပြောပါတယ်။

တစ်ရက်တည်း မှာပဲ ပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆို ခဲ့ကြတဲ့အတွက် လက်ပံတန်းမြို့မှာ ဖြိုခွင်းပြီး ဖမ်းဆီးပြီး သာယာဝတီထောင်မှာ အဖမ်းခံထား ကြရတဲ့ သပိတ်မှောက် ကျောင်းသားတွေထဲက အာမခံ လျှောက်ထားသူ ကျောင်းသား ၁၅ ယောက်ထဲမှာ ၁၁ ယောက်ကို တရားရုံးက ခွင့်ပြုလိုက် ပါတယ်။

၁၉၆၂ ခုနှစ်က တက္ကသိုလ် ကျောင်းဆောင် ဥပဒေကို ကန့်ကွက် ဆန္ဒ ပြခဲ့ကြတဲ့ တက္ကသိုလ် ကျောင်းသားတွေကို စစ်တပ်က ဖြိုခွင်းခဲ့တဲ့ အတွက် ကျောင်းသား အများ အပြား သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ