ဒေါ်လာ​စျေး​တွေ တက်​လာ​ပြန်

  • 8 ဇူလိုင် 2015
_burma_bank ဓာတ်ပုံ မူပိုင် AFP
Image caption ပုဂ္ဂလိက ဘဏ် နဲ့ ငွေလဲ ကောင်တာတွေ ဟာ ဒေါ်လာ ထုတ် မရောင်း တော့ပဲ ရပ်ထား။

မြန်မာ ကျပ်ငွေနဲ့ လဲလှယ်ရာ မှာ ဒေါ်လာစျေး တွေ အခုရက်ပိုင်း တရိပ်ရိပ် ပြန် တက် လာနေတာ မှာ မနေ့ က နေ့လယ်ပိုင်း ကတော့ အမေရိကန် တစ်ဒေါ်လာ ကို ကျပ် ၁၂၀ဝ ပြန် ကျော် သွား ပါတယ်။

အစိုးရ သတ်မှတ်ဈေး နဲ့ အပြင် ပေါက်ဈေး ကျပ် ၁၀ဝ လောက် ကွာနေပြီး ပုပ္ပလိဂ ဘဏ် နဲ့ ငွေလဲ ကောင်တာတွေ ဟာ ဒေါ်လာ ထုတ် မရောင်း တော့ပဲ ရပ်ထား ပါတယ်။

စက်သုံးဆီ စားအုံးဆီ တင်သွင်း သူတွေကို ဒေါ်လာ ရောင်းပေး ဖို့ ပုဂ္ဂလိက ဘဏ်တွေ ကို ဗဟိုဘဏ် ကနေ ညွှန် ကြားခဲ့ ပေမယ့် တကယ်တမ်း ငွေပေး ငွေယူ ရှင်းကြတဲ့ အခါ ဗဟိုဘဏ်ဘက် က မရှင်းပေး နိုင်တာ ကြောင့် ဖြစ်တယ် လို့ ဘဏ်နဲ့ နီဒစပ်သူတွေ က ပြောနေ ပါတယ်။

ဗဟိုဘဏ် က တာဝန်ရှိသူတွေ ကို ဘီဘီစီ က ဆက်သွယ် တဲ့ အခါမှာတော့ အစည်းအဝေး တွေ ရှိနေလို့ ဆိုပြီး ဒီကိစ္စနဲ့ ပတ်သက် လို့ တာဝန်ယူ ဖြေကြား သူ မရှိသေး ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ