ဓာတု လက်နက် ပိတ်ပင်ရေး သတ်မှတ်ချက် မြန်မာ လိုက်နာ

  • 10 ဇူလိုင် 2015
chemical burma
Image caption ဓာတု လက်နက်စက်ရုံ ရှိတယ် ရေးလို့ သတင်းထောက်တွေ ထောင်ချခဲ့

မြန်မာ နိုင်ငံဟာ ဓာတုလက်နက်တားဆီးပိတ်ပင်ရေး စာချုပ်မှာ အတည်ပြု လက်မှတ်ရေး ထိုးလိုက်တဲ့ (၁၉၁) နိုင်ငံမြောက် နိုင်ငံ ဖြစ်လာပါတယ်။

ဒီလို လက်မှတ် ရေးထိုး လိုက်အတွက် မြန်မာနိုင်ငံ အနေနဲ့ ဓာတု လက်နက်တွေ သုံးစွဲတာ ထုတ်လုပ်ဖို့ စမ်းသပ်တာ တွေ မရှိဘူး ဆိုတာ ကို သက်သေပြလိုက်တာ လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးအောင်လင်း က ပြောပါတယ်။

အခုကျမှ လက်မှတ်ရေးထိုး တာကတော့ ဥပဒေကြောင်းအရ ကြန့်ကြာမှုတွေ ရှိခဲ့တာကြောင့် ဆိုပြီး ဦးအောင်လင်းက ပြောပါတယ်။ စာချုပ်မှာ သဘောတူ လက်မှတ်ထိုးပြီး ရက် (၃၀) အတွင်း စာချုပ်ပါ အချက်အလက် တွေကို ဥပဒေအရ လိုက်နာ ရတော့မှာပါ။

အဲဒီအခါ ကျရင် သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေက သူတို့သုံးစွဲနေတဲ့ ဓာတုပစ္စည်း စာရင်းတွေကို တင်သွင်းရမယ် လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များနဲ့ စီးပွားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း က ပြောပါတယ်။ တကယ်တော့ မြန်မာ စစ်တပ်ဟာ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ နဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ ဓာတုလက်နက် သုံးစွဲခဲ့တယ် ဆိုပြီး ဧပြီလက ကိုးကန့် ဘက်ကနေ ကြေညာချက် ထုတ်ပြန်တာမျိုးတွေ ရှိခဲ့ပါတယ်။

သုံးစွဲခဲ့တဲ့ ဟုတ်မဟုတ် ဆိုတာကိုတော့ တခြား ဘယ်အဖွဲ့ ကမှ အတည်မပြုခဲ့ပါဘူး။

စာချုပ်မှာ လက်မှတ်ရေးထိုး လိုက်တဲ့ အတွက် မြန်မာ အစိုးရ ဟာ ဓာတု စက်မှု လုပ်ငန်း ဆိုင်ရာ နည်းပညာပိုင်း အကူအညီ တွေ ရမှာဖြစ်သလို တကယ်လို့ ဓာတုလက်နက် လို့ ပတ်သက်ပြီး သံသယ ရှိတယ် ဆိုရင် ဓာတု လက်နက် တားမြစ် ပိတ်ပင်ရေး အဖွဲ့ OPWC ကနေ ဝင်ရောက် စစ်ဆေးရင် ခွင့် ပြုရမှာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ