၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ ကချင် ပြည်နယ်တွင်း ပါတီ တွေ ပြင်ဆင်နေ

  • 10 ဇူလိုင် 2015
laiza_refugees_kachin ဓာတ်ပုံ မူပိုင် AP
Image caption ရှမ်းလူမျိုးစု တွေ အခြေချ နေထိုင်မှု များ တဲ့ ကချင်ပြည်နယ် တောင်ဘက်ခြမ်း မှာ ၂၀၁၀ တုန်း ကတော့ ရှမ်း ပါတီ တစ်ခု ဖြစ်တဲ့ ကျားဖြူ ပါတီက အမတ် တချို့ အနိုင်ရ ထား ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့ အခါ ကချင် ပြည်နယ် ထဲ က မဲဆန္ဒနယ် တွေ အားလုံး မှာ ဝင်ရောက် ယှက်ပြိုင် သွားဖို့ ကြိုးစား နေတယ် ဆိုပြီး ကချင် ဒီမိုကရက်တစ် ပါတီ က ပြောပါတယ်။

ပြည်နယ် လွှတ် တော် အတွက် ၃၆ နေရာ အပြင် ပြည်သူ့ လွှတ်တော် အတွက် ၁၈ နေရာ နဲ့ အမျိုးသား လွှတ်တော် အတွက် ၁၂ နေရာ စုစုပေါင်း အမတ် နေရာ ၆၆ နေရာ အတွက် ကချင် ပြည် နယ် ထဲ မှာ ရွေးကောက် ကြ ရမှာ ဖြစ်ပါတယ်။

လူမျိုးစု ဝန်ကြီး တွေ နေရာ အတွက် ဗမာ နဲ့ ရှမ်း လူမျိုး တွေ ထဲ က ရထိုက် ပါတယ် ဆိုပြီး တော့လည်း ကချင် ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဒေါက်တာ တူးဂျာက ဘီဘီစီ ကို ပြောပါတယ်။

ဒေါက်တာ တူးဂျာ ဟာ ကေအိုင်အို ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ မှာ ဒုတိယ ဥက္ကဌ အဖြစ် တာဝန် ယူခဲ့သူလည်း ဖြစ် လက်ရှိ ဖွဲ့စည်းပုံ ရေးဆွဲ တုန်း ကလည်း ပါဝင် ခဲ့သူ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ တုန်းကတော့ ပါတီ တည်ထောင်ခွင့် မရခဲ့ သူ ဖြစ် ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကတည်းက ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီနဲ့ မဟာမိတ် လုပ်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ တဲ့ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ (ကချင်ပြည်နယ်) က လက်ရှိ ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဒွဲဘူး က တော့ ကချင် ပါတီ အချင်းချင်း မစုစည်း နိုင်တဲ့ အတွက် သူတို့ ပါတီ အနေနဲ့ အနိုင်ရနိုင် တဲ့ ၁၃ နေရာ ၁၄ နေရာတွေ ကိုပဲ ရွေးပြီး ဝင်သွားမယ် လို့ ပြောပါတယ်။

ရှမ်းလူမျိုးစု တွေ အခြေချ နေထိုင်မှု များ တဲ့ ကချင်ပြည်နယ် တောင်ဘက်ခြမ်း မှာ ၂၀၁၀ တုန်း ကတော့ ရှမ်း ပါတီ တစ်ခု ဖြစ်တဲ့ ကျားဖြူ ပါတီက အမတ် တချို့ အနိုင်ရ ထား ပါတယ်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ နှစ်ခြမ်းကွဲပြီး သီးသန့် ပါတီ တစ်ခု ခွဲထောင်ခဲ့တဲ့ ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်း ညီညွတ်ရေးပါတီ အနေနဲ့ ရှမ်းတွေ အနေများတဲ့ ကချင် ၈ မြို့နယ် မှာ ဝင်ရောက် ယှဉ်ပြိုင် မယ် လို့ ပါတီ ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစောဝင်းထွန်း က ပြောပါတယ်။

တိုင်းရင်းသား ပါတီ တွေ အချင်းချင်း က ညှိနှိုင်းလို့ မရတဲ့ အခြေအနေ ရှိတာကြောင့် အချင်းချင်း လည်း ပြိုင်ရမှာ ဖြစ်သလို ပြည်မထဲက ပါတီကြီးတွေ ဖြစ်တဲ့ အဲန်အယ်လ်ဒီ နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတွေ ကလည်း နေရာတိုင်း မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် အနေအထား မှာ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ