ဦးအောင်သောင်း ကျန်းမာရေး တိုးတက်မှုရှိ

  • 10 ဇူလိုင် 2015
aung thaung
Image caption အရင်လို ပြန်လှုပ်ရှားနိုင်ဖို့ စောင့်ကြည့်ရမယ်

ဦးနှောက် သွေးကြောပေါက် လို့ စင်္ကာပူ မှာ ကုသ ခဲ့တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဗဟို အတိုင်ပင်ခံ ဝန်ကြီးဟောင်း ဦးအောင်သောင်း ကို ခွဲစိတ် ကုသ ခဲ့ရာမှာ အောင်မြင်မှု ရခဲ့တယ် လို့ နီးစပ်တဲ့ အသိုင်းအဝိုင်း က ပြောပါတယ်။

သူ့ရဲ့ ကျန်းမာရေး နောက်ဆုံး အခြေအနေ ကို သိဖို့ နီးစပ်တဲ့ ဆရာဝန် တယောက် ကို မေးကြည့် တော့ မစိုးရိမ် ရတော့ဘူးလို့ ရှင်းပြပါတယ်။

အရင်လို ပုံမှန် အတိုင်း လှုပ်ရှား သွားလာ နိုင်မလား ဆိုတာ ကတော့ ဘယ်လောက် ထိခိုက်မှု ရှိသလဲ၊ ဘယ်လို ပြန်သက်သာ လာနိုင်မလဲ အပေါ်မှာ မူတည်တယ် လို့ ဆရာဝန်က ရှင်းပြပါတယ်။

ပေါက်သွားတဲ့ သွေးကြော ကို ပြန်လည် ဖာထေးဖို့ လိုအပ်တဲ့ ဆေးပစ္စည်း ဟာ စင်္ကာပူ နိုင်ငံ မှာ မရနိုင်လို့ အမေရိကန် ပြည်ထောင်စု အထိ လှမ်းမှာယူ ခဲ့ရတဲ့ အကြောင်းနဲ့ အချိန်မီ ရောက်လာလို့ ဖာထေး နိုင်ခဲ့ပြီ ဖြစ်တယ် လို့ သိရ ပါတယ်။

၂ နာရီခွဲကြာ ခွဲစိတ် ကုသ ခဲ့ပြီး လောလောဆယ် မှာ သွေးတွေ ယိုစီး နေတာလည်း ရပ်သွားပြီ လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ