ဆရဘရတ်နီဆာ နှစ် ၂၀ ပြည့် အခန်းအနားကျင်းပ

  • 11 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဆားဗီးယား ဝန်ကြီးချုပ်ကို လူအုပ်က ကန့်ကွက်

လွန်ခဲ့တဲ့ နှစ် ၂၀ က ဘော့စနီးယားက ဆရဘရတ်နီဆာမြို့မှာ လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရမှု အတွက် အောက်မေ့ဖွယ် အခန်းအနား ကို ကျင်းပရာမှာ လူတွေထောင်သောင်း ချီပြီး တက်ရောက် ခဲ့ပါတယ်။

၁၉၉၅ ခုနှစ် တုန်းက ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲချိန်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဘော့စနီးယား ဆာ့ဘ် တပ်ဖွဲ့တွေက လူကြီး ရော ကလေးပါ မူဆလင် အမျိုးသား ၈၀၀၀ ကိုသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အခန်းအနား မှာ စကားပြော ခဲ့သူ အတော်များ များက အဲဒီ သတ်ဖြတ်မှုကို လူမျိုးတုံး သတ်ဖြတ်မှု အဖြစ် သတ်မှတ်ဖို့ တောင်းဆို ခဲ့ပါတယ်။

ဆားဗီးယား ဝန်ကြီး ချုပ် အလက်စန်းဒရား ဗူးစစ်ချ် ကကြေညာချက် ထုတ်ပြန်ရာမှာ မကောင်းဆိုးရွား သတ်ဖြတ်မှု လို့ ပြောခဲ့ပေမယ့် လူမျိုးတုံး သတ်တယ် ဆိုတဲ့ စကားကို တော့ရှောင်ခဲ့ ပါတယ်။

အခန်းအနားကို သူရောက်လာ ချိန်မှာ ဆူညံအော်ဟစ် မှုတွေ ရှိခဲ့ပြီး အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်က အခုကာလ ဟာ ရင်ကြားစေ့ ရမယ့် အချိန်ဖြစ် တာကြောင့် မစ္စတာဗူးစစ်ချ်ကို ကြိုဆို လက်ခံကြဖို့ပန်ကြား ခဲ့ပါတယ်။

ဒါပေမယ့် စိတ်ဆိုးနေတဲ့ လူအုပ်ကြီးက သူ့ကို ထွက်ခွာသွားအောင် မောင်းထုတ် ခဲ့ကြ ပါတယ်။