သစ်တော​ကြိုး​ဝိုင်း​ကို ဖျက်​ပြီး ကုမ္ပဏီ​လက်​ထဲ အပ်​နေ

  • 11 ဇူလိုင် 2015
_batticaloa_cattle
Image caption ရွာခံ တွေ အစဉ် အဆက် အသုံးပြု ခဲ့တဲ့ စားကျက် မြေ တွေ အပါအဝင် ရွာခံ တွေ မှီခို ရှာဖွေ စားသောက် နိုင်ခဲ့တဲ့ သီဟိုဠ် တောကြီး ကွယ် ပျောက် ခဲ့ ရပြီး ဖြစ်။

တနင်္သာရီတိုင်း ထားဝယ် မြို့နယ် မောင်းမကန် ရွာ နား က ဧက ရာနဲ့ ချီတဲ့ သစ်တော ကြိုးဝိုင်း ကို အာဏာပိုင် တွေ က ပယ်ဖျက် ပြီး ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေး အများ ပိုင် ကုမ္ပဏီ လီမိတက် DDPC ဆိုတဲ့ ပုဂ္ဂလိက ကုမ္မဏီ ကို လွှဲ ပေး ခဲ့ တာ နဲ့ ပတ်သက်ပြီး ဒေသခံ ရွာ သား တွေ က မကျေမနပ် ဖြစ်နေကြ ပါတယ်။

ကုမ္ပဏီ အနေ နဲ့ ရွာ အကျိုး ဘာ မှ ဆောင်ရွက် ပဲ မြေယာ လက်ဦးမှု ရယူ ပြီး သိမ်း ခဲ့တာ မျိုး ဖြစ်တဲ့ အတွက် ရွာခံ တွေ အစဉ် အဆက် အသုံးပြု ခဲ့တဲ့ စားကျက် မြေ တွေ အပါအဝင် ရွာခံ တွေ မှီခို ရှာဖွေ စားသောက် နိုင်ခဲ့တဲ့ သီဟိုဠ် တောကြီး ကွယ် ပျောက် ခဲ့ ရပြီး ဖြစ်တယ် လို့ မောင်းမကန် ရွာသား တစ်ဦး ဖြစ်တဲ့ ဦးထွန်းကြည် က ဘီဘီစီ ကို ပြောပါတယ်။

ဧက ၅၀၀ လောက် စုစု ပေါင်း ရှိ ခဲ့တဲ့ အထဲ က ဧက ၃၅၀ ကျော် ကို သိမ်းယူ ခဲ့ ပြီး တဲ့ အပြင် နောက် ကျန် နေသေး တဲ့ မြေ တွေ ကို ပါသိမ်း ယူ ဖို့ ပြင်ဆင် လာ လို့ ရွာသား ၇၅၀ ကျော် စုပေါင်း လက်မှတ် ထိုးပြီး တနင်္သာရီ တိုင်း ဒေသကြီး ရဲ့ ဝန်ကြီး ချုပ် အပါအဝင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အသီးသီး ဆီ ကို စာ ပို့ ထားတယ် လို့ လည်း ဦးထွန်းကြည် က ဆိုပါတယ်။

ရှိ နှင့် ပြီး သစ်တော ကြိုးဝိုင်း ကို ဖျက် ပြီး အနှစ်ရာ ချီ ရှိလာခဲ့တဲ့ မောင်းမကန် ရွာ ကိုတော့ ကြိုးပြင်ကာကွယ်တော ဆိုပြီး ဘောင်တွေ ခတ် လိုက် တယ် လို့ လည်း ဦးထွန်း ကြည် က ပြောပါတယ်။

ရယူ ထားပြီး သား မြေ တွေ ပေါ် မှာလည်း DDPC ကုမ္ပဏီ အနေနဲ့ ဘယ်လို စီးပွားရေး လုပ်ငန်း မျိုး ကို မှ အကောင် အထည် မဖော် ဘူး လို့လည်း ဦးထွန်းကြည် က ဆို ပါတယ်။

ရွာခံ တွေ ရဲ့ ကန့်ကွက် စာ ပို့ ခဲ့တဲ့ အပေါ် မှာ အာဏာပိုင် တွေ ဘက် က ဘယ်လို မှ တုန့်ပြန် ဆောင် ရွက် တာမျိုး တွေ မလုပ် သေး ဘူး လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ