အန်အယ်ဒီပါတီ ရွေးကောက်ပွဲ ဝင်မယ်

  • 11 ဇူလိုင် 2015
Image caption အန်အယ်ဒီ ခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံ

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အန်အယ်ဒီ ပါတီ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ကပြောလိုက် ပါတယ်။

စနေနေ့က နေပြည်တော်မှာ ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မီတီ အစည်းဝေး ကျင်းပ ပြီးတဲ့နောက် အဲဒီလို ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို တရားဝင် ကြေညာ ပြီးတဲ့အခါ ကျရင် ရွေးကောက်ပွဲ ဝင်မဝင် ထုတ်ဖော် ကြေညာမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က စောစောပိုင်းမှာ ပြောထား ခဲ့ပါတယ်။

ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၈ ရက်နေ့မှာ ထုတ် ပြန်ခဲ့ပြီး တဲ့နောက် အန်အယ်ဒီ က ဗဟို အလုပ်အမှုဆောင် ကော်မီတီ အစည်းဝေးကို အမြန် ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ သူဝင်ပြိုင်ခဲ့တဲ့ ကော့မှူး မဲဆန္ဒနယ် ကဘဲ ဝင်ပြိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခြေခံ ဥပဒေအရ သူဟာ သမ္မတ မဖြစ်နိုင် ပေမယ့် ပြည်သူ အလိုကျတဲ့ အစိုးရ ဖြစ်အောင် ရွေးကောက်ပွဲ ဝင်မှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။